Woman is...
မိန်းမဆိုတာ...
If you kiss her, you are not gentlemen.
သင်က သူ့ကိုနမ်းလိုက်ရင်၊ သင်ဟာ လူကြီးလူကောင်းမဆန်သူ။
If you don't, you are not a man.
မနမ်းတဲ့အခါ၊ သင်ဟာ ယောင်္ကျားမဟုတ်။
If you praise her, she thinks you are lying.
သင်က သူ့ကိုချီးကျူးလိုက်ရင်၊ သင်လိမ်နေတယ်လို့ထင်တယ်။
If you don't, you are good for nothing.
မချီးကျူးပဲနေပြန်တော့၊ သင်ဟာ အသုံးမကျတဲ့သူ။
If you agree to all her likes, she is abusing.
သူမ ကြိုက်တာတွေကို သင်အားလုံးသဘောတူရင်၊ သူမကောင်းပြောတော့မယ်။
If you don't you are not understanding.
သဘောမတူပဲ နေပြန်တော့၊ သင်ဟာ နားလည်မှုမရှိသူ။
If you visit her too often, she thinks it is boring.
သူ့ဆီကို သင်မကြာခဏ အလည်သွားရင်၊ သူ့စိတ်ထဲမှာ ပျင်းစရာလို့ထင်တယ်။
If you don't, she accuses you of double crossing.
မသွားပြန်ရင်တော့၊ အပြင်မှာခြေရှုပ်နေတယ်လို့ သင့်ကိုစွတ်စွဲလိမ့်မယ်။
If you are well dressed, she says you are a playboy.
သင်ကောင်းကောင်းမွန်မွန် ဝတ်စားထားရင်၊ သင်ဟာ စတိုင်များသူလို့ သူပြောမယ်။
If you don't, you are a dull boy.
မဝတ်စားပြန်တော့၊ သင်ဟာ ခပ်တုံးတုံးကောင်။
If you are jealous, she says it's bad.
သင်က မနာလိုအူတိုဖြစ်ခဲ့ရင်၊ အဲဒါမကောင်းဘူးလို့ သူပြောမယ်။
If you don't, she thinks you don't love her.
အလိုမဖြစ်ပြန်တော့၊ သင် သူ့ကိုမချစ်တော့ဘူးလို့ ထင်မယ်။
If you attempt a romance, she says you didn't respect her.
သင်က ချစ်လို့တီတီတာတာလုပ်ရင်၊ သင်က သူ့ကိုမလေးမစားလုပ်ပါတယ်လို့ ပြောမယ်။
If you don't, she thinks you don't like her.
မလုပ်ပြန်တော့၊ သင်ကသူ့ကို မကြိုက်ဘူးလို့ထင်မယ်။
If you kiss her once in a while, she professes you are cold.
သင်ကသူ့ကို တော်တော်ကြာကြာနေမှ တခါလောက်နမ်းရင်၊ သင်ဟာ သူနဲ့ပက်သက်ရင် သွေးအေးလွန်းတယ်ပြောမယ်။
If you kiss her too many, she yells that you are taking advantage.
ခဏခဏနမ်းပြန်တော့၊ သင်ဟာ အခွင့်အရေးယူနေတယ်လို့ သူမ အော်တတ်နေမယ်။
If you fail to help her in crossing the street, you lack ethics.
သူလမ်းကူးတဲ့အခါမှ သင်က ကူညီပေးဖို့ပေါ့လျော့ခဲ့ရင်၊ သင်ဟာ ယဉ်ကျေးမှုမရှိသူ။
If you do, she thinks it's just one of the man's tactics.
အလို ကူညီပြန်တော့၊ ဒါဟာ ယောင်္ကျားမာယာတမျိုးလို့ သူမထင်မယ်။
If you stare at other, she accuses you of flirting.
သင်က တခြားသူကိုငေးမိရင်၊ သင့်ကို ဖွန်ကြောင်တယ်လို့ စွတ်စွဲမယ်။
If she is stared by others, she says that they are just admiring.
သူမကို တခြားသူကငေးမိရင်တော့၊ လေးစားလို့ကြည့်တာပါလို့ ပြောမယ်။
If she talks, she wants you to listen.
သူမ စကားပြောတဲ့အခါ၊ သင့်ကိုနားထောင်စေချင်တယ်။
If you listen, she wants you to talk.
သင်နားထောင်တဲ့အခါ၊ သင့်ကို စကားပြောစေချင်ပြန်ရော။
In Short:
အတိုချုပ်ရင်
So simple, yet so complex.
ရိုးရှင်းသလောက် ရှုပ်ထွေးသူ၊
So weak, yet so powerful.
အားနည်းသလောက် စွမ်းအားရှိသူ၊
So confusing, yet so desirable... woman!
စိတ်ရှုပ်စရာကောင်းသလောက်၊ သဘောကျစရာကောင်းသူ... မိန်းမ။
Man is...
ယောင်္ကျားဆိုတာ...
If you kiss him, he kisses you back.
သင်က သူ့ကိုနမ်းရင်၊ သူက သင့်ကိုပြန်နမ်းမယ်။
If you don't, he patiently waits.
မနမ်းရင်လည်း၊ သူကစိတ်ရှည်ရှည်နဲ့စောင့်မယ်။
If you praise him, he says thanks you.
သင်ကသူ့ကို ချီးမွမ်းရင်၊ သူက ကျေးဇူးပါလို့ပြန်ပြောမယ်။
If you don't, he feels secure in your love.
မချီးမွမ်းရင်လည်း၊ သင့်အချစ်နဲ့ကို သူစိတ်ချနေမယ်။
If you agree to all his likes, you have met your fantasy man.
သူ့အကြိုက်တွေ အားလုံးကို သင်သဘောကျရင်၊ သင်ကံကောင်းတယ်။
If you don't, you still get along.
မကြိုက်ရင်လည်း၊ တပူးတွဲတွဲပါပဲ။
If you visit him often, he welcomes you every time.
သင်ကသူ့ဆီကို မကြာခဏသွားလည်းရင်၊ သူကအမြဲတမ်း သင့်ကိုကြိုမယ်။
If you don't, he'll visit you instead.
သင်က သွားမလည်ရင်လည်း၊ သူက သင့်ဆီကိုလာလည်မယ်။
If you are well dressed, he says you are beautiful.
သင် ကောင်းကောင်းမွန်မွန် ဝတ်စားထားရင်၊ မင်းအရမ်းလှတာပဲလို့ သူကပြောမယ်။
If you don't, you are still beautiful.
မဝတ်စားရင်လည်း၊ မင်းဟာ လှနေတုံးပါပဲ။
If you are jealous, he reassures you and holds you.
သင်က မနာလိုအူတိုဖြစ်ခဲ့ရင်၊ သင်ကိုစိတ်ချဖို့ပြောပြီး ထွေးပွေ့မယ်။
If you're not, he gives you no reason to be.
မနာလိုမဖြစ်ရင်လည်း၊ ဘာမှပြောမှာမဟုတ်။
If you kiss him once in a while, he's appreciative of your affection.
သင်သူ့ကို တော်တော်ကြာမှ တခါလောက်နမ်းရင်၊ သင်ရဲ့မြတ်နိုးမှုကို တန်ဖိုးထားမယ်။
If you kiss him often, he will always have you on his mind.
မကြာခဏနမ်းရင်လည်း၊ သူ့အတွေးထဲမှာ သင်အမြဲရှိမယ်။
If you stare at another man, he knows that you're only admiring.
သူမက တခြားသူတွေကို ငေးမိရင်၊ သူကလေးစားလို့ ကြည့်တာလို့သိတယ်။
If he is stared by other women you know why-he's one hot babe.
သူကို တခြားမိန်းမကငေးရင်လည်း၊ သူမကလန်းလို့ ကြည့်တာ။
If you talk, he'll always listen.
သူမ စကားပြောရင်၊ သူအမြဲနားထောင်တယ်။
If you listen, he'll tell you anything you want to know.
သင် နားထောင်ရင်၊ သင်သိချင်တာအားလုံး သူပြောပြလိမ့်မယ်။
In short:
အတိုချုပ်ရင်
So complex, yet so direct.
ရှုပ်ထွေးသလောက် တည့်တည့်ပြောသူ၊
So strong, yet so supportive.
ခွန်အားရှိသလို အရမ်းပံ့ပိုးသူ၊
So dazzling, yet so humble.
တောက်ပြောင်သလောက် နှိမ့်ချတတ်သူ၊
So passionate, yet so marvelous... man!
စိတ်ပြင်းထန်သလို၊ အံသြဖွယ်ကောင်းသူ... ယောင်္ကျား။
Life is...
ဘဝဆိုတာ...
Life is an opportunity, benefit from it.
ဘဝဆိုတာ အခွင့်အရေး၊ အကျိုးရှိအောင်လုပ်ပါ။
Life is a beauty, admire it.
ဘဝဆိုတာ အလှတရား၊ လေးစားပါ။
Life is a dream, realize it.
ဘဝဆိုတာ အိမ်မက်၊ လက်တွေ့အကောင်အထည်ဖေါ်ပါ။
Life is a challenge, meet it.
ဘဝဆိုတာ စိန်ခေါ်မှူ၊ ရင်ဆိုင်ပါ။
Life is a duty, complete it.
ဘဝဆိုတာ တာဝန်၊ ပြီးမြောက်အောင်လုပ်ပါ။
Life is a game, play it.
ဘဝဆိုတာ ကစားပွဲ၊ ကစားပါ။
Life is a promise fulfill it.
ဘဝဆိုတာ ဂတိ၊ ဖြည့်ဆည်းပါ။
Life is sorrow, overcome it.
ဘဝဆိုတာ ဝမ်းနည်းမှု၊ ကျော်လွှားပါ။
Life is a song, sing it.
ဘဝဆိုတာ သီချင်း၊ သီဆိုလိုက်ပါ။
Life is a struggle, accept it.
ဘဝဆိုတာ ရုန်းကန်မှု၊ လက်ခံပါ။
Life is a tragedy confront it.
ဘဝဆိုတာ အလွမ်းဇာတ်လမ်း၊ ရင်ဆိုင်လိုက်ပါ။
Life is an adventure, dare it.
ဘဝဆိုတာ စွန့်စားခန်း၊ ရဲရင့်လိုက်ပါ။
Life is luck, make it.
ဘဝဆိုတာ ကံကောင်းမူ၊ ဖြစ်အောင်လုပ်ပါ။
Life is life, fight for it.
ဘဝဆိုတာ ဘဝ၊ ယှဉ်ပြိုင်တိုက်ခိုက်ပါ။
No comments:
Post a Comment