ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ။ Thank you all to support our Little Myanmar.. Enjoy staying with us.. See you again!

Myanmar Latest News Headlines

VOA News: Burma

Friday, November 12, 2010

Pahtan 24 Materials

ပဌာန်း ၂၄ ပစ္စည်း
ပစ္စယုဒ္ဒေသပါဠိ

၁။ ဟေတု ပစ္စယော၊
အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။

၂။ အာရမ္မဏ ပစ္စယော၊
မျက်စိနှင့် နားသည် နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါစေသား။

၃။ အဓိပတိ ပစ္စယော၊
ရုပ်၊ နာမ်နှစ်ပါးတို့ကို စောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေသား။

၎။ အနန္တရ ပစ္စယော၊
များစွာသော ကုသိုလ်တရားတို့ကို မျက်မှောက်ပြုရပါစေသား။

၅။ သမနန္တရ ပစ္စယော၊
ရုပ်နှင့်နာမ် အတူရှိသောတရားတို့ကို မျက်မှောက်ပြုရပါစေသား။

၆။ သဟဇာတ ပစ္စယော၊
ရုပ်, ရုပ်ချင်း၊ နာမ်, နာမ်ချင်း ထင်ရှားစွာ သိရပါစေသား။

၇။ အညမည ပစ္စယော၊
ရုပ်မှ နာမ်သို့၊ နာမ်မှ ရုပ်သို့ ပြောင်းလဲ၍ သိရပါစေသား။

၈။ နိဿယ ပစ္စယော၊
ရုပ်၊နာမ်နှစ်ပါးတို့၏ တည်နေရာကို သိရပါစေသား။

၉။ ဥပနိဿယ ပစ္စယော၊
ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။

၁၀။ ပုရေဇာတ ပစ္စယော၊
ရှေးကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား။

၁၁။ ပစ္ဆာဇာတ ပစ္စယော၊
နောက်မှဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။

၁၂။ အာသေဝန ပစ္စယော၊
လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား။

၁၃။ ကမ္မ ပစ္စယော၊
ကံသုံးပါးကို ထိန်းသိမ်းနိုင်ရပါစေသား။

၁၄။ ဝိပါက ပစ္စယော၊
ဝဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။

၁၅။ အာဟာရ ပစ္စယော၊
လိုရာဆန္ဒကို ပြည့်စုံစွာ ထောက်ပံ့ နိုင်ရပါစေသား။

၁၆။ ဣန္ဒြိယ ပစ္စယော၊
နာမ်၊ရုပ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။

၁၇။ ဈာန ပစ္စယော၊
သူတော်ကောင်းတရား (ရ)ပါး၊ ဉာဏ်စဉ် (၅)ပါးနှင့် ပြည့်စုံရပါစေသား။

၁၈။ မဂ္ဂ ပစ္စယော၊
ဘာဝနာ (၂)ပါး အပေါင်းကို အာရုံပြု၍ အထွဋ်အထိပ် ပညာကိုရ,ရပါစေသား။

၁၉။ သမ္ပယုတ္တ ပစ္စယော၊
သူတော်ကောင်းတို့နှင့်ပေါင်း၍ (ရ)ဖြာသော တရားနှင့် ယှဉ်တွဲရပါစေသား။

၂၀။ ဝိပ္ပယုတ္တ ပစ္စယော၊
သူယုတ်မာနှင့်ဝေး၍ အကုသိုလ် ကင်းရှင်းရပါစေသား။

၂၁။ အတ္ထိ ပစ္စယော၊
သမုတိနယ်၏ အရှိကို ဟုတ်မှန်စွာ သိရပါစေသား။

၂၂။ နတ္ထိ ပစ္စယော၊
ပရမတ္တ မရှိတရား၏ အသိကို မျက်မှောက်ပြုရပါစေသား။

၂၃။ ဝိဂတ ပစ္စယော၊
ရှေး၌ ပွင့်ပြီးကုန်သောဘုရားတို့ကို ရှိခိုးရပါစေသား။

၂၄။ အဝိဂတ ပစ္စယောတိ။
ပွင့်လတ္တံ့သော ဘုရားတို့ကို ရှိခိုးရပါစေသား။

Wednesday, August 18, 2010

All The Best Myanmar Links

◄သတင်းဌာန


º BBC British Broadcasting Corporation (ဗြိတိန်) #Font
º VOA Voice Of America (အမေရိကန်)
º RFA Radio Free Asia (အမေရိကန်) #Font
º ဧရာဝတီ (အမေရိကန်)
º ယနေ့မြန်မာ (အမေရိကန်)
º DVB Democratic Voice of Burma (နော်ဝေး)
º မဇ္ဈိမ (ကနေဒါ)
º မိုးမခ (အမေရိကန်)
º ရိုးမ ၃ (အမေရိကန်)
º BurmaNet News (ထိုင်း)
º BNI: Burma News International (အမေရိကန်)
º သံလွင် အိမ်မက် (အမေရိကန်)
º သူရိယ (နော်ဝေး)
º ဟံသာဝတီ (ထိုင်း)
º Indo-burma News (အမေရိကန်)
º ဟစ်တိုင် (နော်ဝေး)
º နိရဉ္စရာ (အမေရိကန်)
º KNG:Kachin News Group ကချင် (အိန္ဒိယ)
º Kachin Post ကချင် (ကနေဒါ)
º မြို့တော်ပုသိမ် သတင်းစဉ် (စကာင်္ပူ)
º Khonumthung News ချင်း (နော်ဝေး)
º Kaowao Newsgroup ဂကောံပရိုင် မွန် (အမေရိကန်)
º IMNA:Indep`t Mon News Agency မွန် (အမေရိကန်)
º Arakan Review ရခိုင် (အမေရိကန်)
º Shan Herald Agency for News ရှမ်း (အမေရိကန်)
º သျှမ်းသံတော်ဆင့် ရှမ်း (ထိုင်း)
º Kaladan Press Network (ထိုင်း)
(အခြေစိုက်နိုင်ငံ)

◄အားကစား


º DVB Sports º
º Soccer Myanmar º
º Myanmar Goal º #Font
º MNL - Myanmar National League Cup º
º Yadanar Bon FC º
º Yangon United FC º
º KBZ FC º
º Myanmar Chelsea Fan Blog º
º Myanmar Man Utd Fan Blog º
º Myanmar Man Utd Fan Forum º
º MUtd Fan.com º

◄ဂီတ


º Myanmar Youth Media Club.net º
º Myanmar Songs.net º
º Myanmar MP3 Album.com º
º Myanmar MP3.net º
º လိုတရ º
º ပန်းစကား º
º အရိုင်းပန်း.com - Music º
º Flashband.net º
º Myanmar VCDs º
º Burmese Classic MTV º
º ရင်ခုန်သံ FM º
º Myanmar Lyrics º
º MFG - Myanmar Future Generations º
º MFG (Mirror 1) º
º MFG (Mirror 2) º
º MFG (Mirror 3) º

◄ဗွီဒီယို


º Burmese MTV.com º
º ရွှေ ဗီဒီယို.com º
º ShweDream.com º
º Myanmar Videos & Songs º
º Bumese Classic º
º ခရမ်းပြာ အိမ်မက် º
º Luu Nge Diary º
º ShweO Server-2 º #Server-1 #mirror
º သံစဉ်လှိုင်း Entertainment º

◄ရေဒီယို


City FM # (မြန်မာ)
အိမ်မက်လှိုင်း # (အမေရိကန်)
အဖြူရောင်သံစဉ် # (သြစတြေးလျှ)
ရင္ခုန္သံ FM # (စကာၤပူ)
º သံစဉ်လှိုင်း Community º # (ထိုင်း)
Just Music Radio # (ဗြိတိန်)

○ BBC #+
မနက် ၆း၃၀
ညနေ ၅း၃၀
ည ၈း၁၅

VOA #+
နံနက် ၅း၃၀~၆း၃၀ ၊ ၆း၃၀~၇း၀၀
ည ၆း၀၀~၇း၀၀ ၊ ၉း၀၀~၁၀း၀၀
Window Media /
Real Media

○ RFA #
နံနက် ၇း၀၀~၈း၀၀
ည ၇း၀၀~၈း၀၀
ည ၈း၀၀~၉း၀၀
DVB #+
Window Media /
Real Media

မိုးမခ

# Windows Media Player Needed
+ Real Media Player Needed


◄စာပေ


စာကြည့်တိုက်


º စကားဝါမြေ အင်ဂျင်နီယာနှင့်ဆေးပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းများ º
º စကားဝါမြေ အွန်လိုင်းမြန်မာ စာကြည့်တိုက် º
º Myanmar Ebooks º
º Burmese Classic ဖတ်စရာ º
º Book Planet º
º Myanmar Networks News º
º ဝိညာဉ်သစ် မြန်မာအွန်လိုင်း စာကြည့်တိုက် º
º Myanmar e-Library.com º
º English4Myanmar.com º
º မြန်မာ့အွန်လိုင်း စွယ်စုံကျမ်း º

သတင်းစာ


º ကြေးမုံ သတင်းစာ º
º ကြေးမုံ Online º
º မြန်မာ့အလင်း သတင်းစာ º
º New Light of Myanmar º
º ရတနာပုံ နေပြည်တော် သတင်းစာ º (အမေရိကန်)

ဂျာနယ်


º လင်းရောင်ခြည် အင်တာနက် ဂျာနယ် º (နော်ဝေး)
º The Myanmar Post သတင်း ဂျာနယ်º (မြန်မာ)
º မိုးသောက်ကြယ် ဂျာနယ် º (ဂျပန်)
º လင်းရောင်ခြည် ဂျာနယ် º (နော်ဝေး)
º လူထုအသံ ဂျာနယ် º (အမေရိကန်)
º ခေတ်ပြိုင် ဂျာနယ် º (အမေရိကန်)
º ဈေးကွက် ဂျာနယ် º (မြန်မာ)
º ပေါ်ပြူလာ မြန်မာ ဂျာနယ် º (မြန်မာ)
º လျှပ်တစ်ပြက် ဂျာနယ် º (မြန်မာ)
º အလင်္ကာ ဂီတဂျာနယ် º (မြန်မာ)
º Internet ဂျာနယ် º (မြန်မာ)
º Interview ဂျာနယ် º (မြန်မာ)
º Popular Myanmar ဂျာနယ် º (မြန်မာ)

မဂ္ဂဇင်း


º Perfect Magazine º (မြန်မာ)
º မုခ မဂ္ဂဇင်း º (မြန်မာ)
º ရွှေအမြုတေ မဂ္ဂဇင်း º (မြန်မာ)
º People မဂ္ဂဇင်း º (မြန်မာ)
º Living Color မဂ္ဂဇင်း º (မြန်မာ)
º Perfect အောင်မြင်ခြင်း မဂ္ဂဇင်း º (မြန်မာ)
º သရဖူ မဂ္ဂဇင်း º (မြန်မာ) #Font
º Life Style º
º ကိုရီးယား မင်းသား၊ မင်းသမီးများအကြောင်း º
º ဘိုဘို ကာတွန်း Bo Bo Cartoon º #mirror

စာပေတိုက်


º Today Publishing House º
º├ Today မဂ္ဂဇင်း º (မြန်မာ)
º├ Lifestyle မဂ္ဂဇင်း º (မြန်မာ)
º├ PC World မဂ္ဂဇင်း º (မြန်မာ)
º├ CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း º (မြန်မာ)
º└ ပလုတ်တုတ် ကလေး ဂျာနယ် º (မြန်မာ)

º Yangon Media Group º
º├ ပန်းသတင်း º (မြန်မာ)
º└ ရန်ကုန်တိုင်းမ် º (မြန်မာ)

º Eleven Media º #Alt Add
º ├ Weekly Eleven ဂျာနယ် º (မြန်မာ)
º └ Biweekly Eleven ဂျာနယ် º (မြန်မာ)

စာစောင်


º Kwe Ka Lu - ကရင်ဘာသာ စာစောင် º
º အာဟာရ စာစောင် º (ဂျပန်)

◄ဗေဒင်/နက္ခတ်


º SanZarniBo.com º
º SanZarniBo.net º
º Burmese Classic 7days º
º Myanmar Celebrities's Weekly Horoscope º
º Planet Horoscopes º
º ခေတ်လူငယ် ဗေဒင် º
º မြန်မာ့ရိုးရာ ဗေဒင်နှင့် နက္ခတ် º
º Yangon City 7 days Birth Chart º
º ဗေဒသုခ º
º မြန်မာနိုင်ငံ နက္ခတ်ဗေဒင် သင်တန်းကျောင်း (နဒီ) º
º နက္ခတ်ဗေဒင်မှတ်စုများ º
º ချမ်းမြေ့ဦးရဲ့ တာရော့ဗေဒင် º
º Advance Calculation Horoscope º Traditional (Surya; Siddhanta System)

◄လူမှုရေးရာ


º CPB မြန်မာပြည် ကွန်မြူနစ်ပါတီ º
º ငုရင်ပြင် º
º Pho Ta Yoke's The Power of Fraternity º
º Myanmar Cupid Forum º
º YAMC Myanmar Chat º
º Myanmar Cyber Community º
º မြန်မာမိသားစု စကားဝိုင်း º

◄ဘလော့


º Myanmar Videos & Entertainments
º MRT White Board
º ဧရာဝတီ Blog º
º ဒေါက်တာလွဏ်းဆွေ º
º Canada Myanmar º
º Ray's Life Book º
º Idea မဂ္ဂဇင်း º
º မာယာ မဂ္ဂဇင်း º Maya
º တာရာမင်းဝေ အမှတ်တရ º
º Myanmar Celebrities º
º Myanmar Hunks º
º ဇာဂနာ º Zar Ga Nar
º ကိုထိုက် º Ko Htike's Prosaic Colletion
º နိုင်းနိုင်းစနေ º Nine Nine Sa Nay
º နေဘုန်းလတ်ရဲ့ ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော် / #.net
º ရဲရင့်ငယ် (ကနေဒါ) º
º နစ်နေမန်း º Niknayman
º မေငြိမ်း º May Nyane
º Bago Thar's MP4 for All º
º Linn Ar Yone's Korean Movies º
º Chit Sanm's Luxury Music º
º ကြယ်စင်ကရဲ့ သူငယ်ချင်းများအတွက် º
º Canada Myanmar Group's ကနေဒါ မြန်မာ º
º အညတရရဲ့ Heart Museum º
º ဆုံဆည်းရာ º
º Cartoon Beruma ဘီရုမာ º
º လမ်းပြကြယ် º

►အကြံပြု


º မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး º
º Myanmar Image Gallery º
º Myanmar Photo Images º
º Myanmar Unicode º
º Myanmar Wedding.com º
º ခေတ်လူငယ် º
º Myanmar In Singapore º

►အသုံးဝင်


º British Council Burma º
º Myanmar Network (British Council) º
º Shwe Rooms º
º Sttay.com º
º Founn.com º
º Online e-Departure Form º Union of Myanmar
º US DV Program º United State
º Gmail º
º Yahoo Mail º
º Hotmail º
º SingTel Free SMS º Singapore
º M1 Free SMS º Singapore
º Starhub Free SMS º Singapore
º Myanmar Embassies
º Foreign Embassies in Myanmar

Saturday, December 26, 2009

º When I'm old


ငါအိုသွားသောအခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး။ ငါ့ကို နားလည်ပေးပါ။
စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

ချည့်နဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အက်ႌေပၚ ဖိတ္စင္သြားတဲ့အခါ အက်ႌ၊ လုံချည် ဖိုသီဖတ်သီ ဖြစ်နေတဲ့အခါ ငါ့ကို မရွံပါနဲ့။
ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောဖူးခဲ့တဲ့ စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေ၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေ မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။

မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့။
ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

ခေတ်သစ်နည်းပညာသစ်တွေ မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့။
ငယ်ငယ်တုန်းက ဘာကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးကြပါ။
လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။

တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကို ကြည့်ပြီး ဝမ်းမနည်းပါနှင့်။ နားလည်ပေးပါ။ အားပေးပါ။
အရင်တုန်းက လူ့ဘဝတက်လမ်းအတွက် ငါလမ်းညွန်ခဲ့သလို အခုအချိန်မှာ ငါ့ဘဝနောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။

ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။

'အိုပယ်' ဗွီဒီယိုဇာတ်လမ်းထဲက ကောက်နှုတ်ပါ၏။

Friday, November 27, 2009

º Word Puzzle with the cities from Myanmar

မြန်မာနိုင်ငံမှာရှိတဲ့ မြို့လေးတွေကို စကားထာ ဝှက်ထားတဲ့ မေးခွန်းလေးတွေပါ။

(၁) မြစ်အဖေကြီးနဲ့ မြစ်အမေကြီးက မွေးတဲ့မြို့...
(၂) စွပ်ြပုတ်လုပ်သောက်ချင်စရာ ကောင်းတဲ့မြို့...
(၃) ကလီစာတွေ အူတွေ အခွေလိုက်ရှိတဲ့မြို့...
(၄) လူကြီးမဖြစ်သေးတဲ့မြို့...
(၅) ဒီနေ့ည ငါစောင့်ရတဲ့အလှည့်မဟုတ်ဘူး ဆိုတဲ့မြို့...
(၆) သကြားချက်ရင် အဆင်ပြေနိုင်တဲ့မြို့...
(၇) ဆင်တွေကတဲ့မြို့...
(၈) ဝိုးတိုးဝါးတားပဲရှိတဲ့မြို့...
(၉) စိုစိုပြည်ပြည်မရှိတဲ့မြို့...
(၁၀) ကျန်စစ်သားမိန်းမနာမည်နဲ့မြို့...
(၁၁) ဖားကောက်ခိုင်းတဲ့မြို့...
(၁၂) လေဘေးထည်မြို့...
(၁၃) မိန်းမမှာ ညီမတွေရှိရင် သတိထားပေရော့ဆိုတဲ့မြို့...
(၁၄) ကိုယ်တော်ခံတဲ့ဆွမ်း အရနည်းတာဒါကြောင့်ကိုး...ဆိုတဲ့မြို့...
(၁၅) အဲ့ဒီမြို့နာမည်ကပြောင်းပြန်လှန်လိုက်ရင် တော်တော်ရုပ်ဆိုးတဲ့ငှက်ကြီးဖြစ်သွားရော...
(၁၆) ရုံးသွားကျောင်းသွားသတိထား ဒါတွေယူကွယ့် မမေ့နဲ့တဲ့... အဲ့ဒီမြို့...
(၁၇) အဲ့ဒီမြို့က ရွာလိုက်တာမှ သဲကြီးမဲကြီးပဲတဲ့...

အဖြေတွေကိုတော့ comments section ထဲမှာ ရှာတွေ့နိုင်ပါတယ်။

Credit to talkyboy from မြန်မာစကားဝိုင်း

Wednesday, September 9, 2009

º Please Save Myanmar



ခေတ်ပြိုင်
အာဏာရှင်စနစ် ဘယ်လိုနိဂုံးချုပ်မလဲ

ဦးအောင်ခင်

၁၁ သြဂုတ် ၂၀၀၉

မြန်မာပြည်မှာ ၁၉၈၈ ပြည်သူ့အရေးတော်ပုံဖြစ်ပွားတာ အနှစ် (၂၀) ကျော်လာပြီ။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေတုန်း ပါပဲ။ ဗမာစစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေရတဲ့ အကြောင်းရင်းတွေကို ပညာရှင်တွေ ဆန်းစစ်ကြတယ်။ ၁၉၈၈ အရေးတော်ပုံနောက်ပိုင်းမှာ မြန်မာ့ရေးရာ လေ့လာသူတွေ များလာတယ်။ စစ်အာဏာရှင်ကို အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းက မကြိုက်ပေမယ့် လက်ရှိအစိုးရအနေနဲ့ ဆက်ဆံနေကြရတယ်။ အချိန်ကြာကြာ ဆက်ဆံတဲ့အခါ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုသလိုဖြစ်သွားတယ်။ စစ်အင်အားကလည်း တိုးပွားလာတော့ စစ်အာဏာရှင်ဟာ ဆင်းပေးဖို့ စိတ်မကူးဘူး။

ဒါကြောင့် အာဏာရှင်စနစ် နိဂုံးချုပ်အောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားလာကြတာပဲ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး နှလုံးရည်တိုက်ပွဲဝင်နေတာ အနှစ် (၂၀) ရှိပြီ။ တိုင်းရင်းသားတွေ လက်နက်ကိုင်ပြီး လက်ရုံးရည်တိုက်ပွဲဝင်နေတာ အနှစ် (၅၀) ကျော်ပြီ။ နှလုံးရည်တိုက်ပွဲရော၊ လက်ရုံးရည်တိုက်ပွဲရော ပန်းတိုင်ရောက်ဖို့ အများကြီးလိုသေးတယ်။

အီရတ်အာဏာရှင်အစိုးရကို အမေရိကန်တပ်က ၂၀၀၃ ခုမှာ ၀င်တိုက်ပြီး ဖြုတ်ချလိုက်တဲ့အတွက် စစ်တိုက်ပြီး ဖြုတ်ချတဲ့ နည်းကို လက်ခံသူတွေရှိလာတယ်။ အတိုက်အခံ အားကောင်းလာအောင် ကူညီအားပေးတဲ့အတွက် အာဏာရှင်စနစ် နိဂုံးချုပ်သွားတာမျိုးလည်း ရှိတယ်။ ပြည်တွင်း လက်နက်ကိုင် လှုပ်ရှားမှုကို နိုင်ငံခြားက စစ်ကူပေးပြီး အစိုးရကို ဖြုတ်တာမျိုး လည်းရှိတယ်။ လိုအပ်တဲ့ စီးပွားရေး အခြေခံတွေ မရနိုင်အောင် ပိတ်ပင်နိုင်တဲ့တွက် အာဏာရှင်တွေ ဆင်းပေးရတာမျိုးလည်း ရှိတယ်။

တောင်အမေရိကတိုက်က အတိုက်အခံအဖွဲ့အစည်းတွေဟာ နိုင်ငံရေးအင်အားရော၊ စစ်အင်အားရော ရှိတာကြောင့် နိုင်ငံခြားက စစ်ကူယူတဲ့ အစဉ်အလာရှိတယ်။ မြန်မာပြည်မှာတော့ အတိုက်အခံ အဖွဲ့အစည်းမှာ စစ်အင်အားမရှိဘူး။ တိုင်းရင်းသားမှာသာ ရှိတယ်။ ဒါပေမယ့် အစိုးရ စစ်တပ်အင်အားဟာ တိုင်းရင်းသား လက်နက်ကိုင်အင်အားထက် ဆယ်ဆလောက် ပိုများတာရယ်၊ အင်အားကောင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲထားတာရယ်ကြောင့် ဗမာစစ်အစိုးရကို ပြည်တွင်းလက်နက်ကိုင်တွေက ဖြုတ်ချဖို့ဆိုတာ အလားအလာမရှိသလောက်ဘဲ။

အမေရိကန် နိုင်ငံရေးပညာရှင်အချို့ရဲ့ လေ့လာချက်တွေမှာ နိုင်ငံတွင်းက စစ်အင်အားအခြေအနေ ပြောင်းလဲသွားလို့ အာဏာရှင်စနစ် နိဂုံးချုပ်သွားပုံတွေကို ဖော်ပြတယ်။ အရှေ့ဥရောပ ဆိုဗီယက်တပ်တွေ ရုပ်သိမ်းလိုက်လို့ ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင်တာကို ဥပမာပေးကြတယ်။ ဆိုဗီယက်သြဇာခံနိုင်ငံတွေမှာ ဆိုဗီယက်လမ်းစဉ်ပြောင်းတာဟာ အမေရိကန် အကူအညီပေးတာထက်ပိုပြီး ထိရောက်တယ်လို့ Samual Huntington က တတိယလှိုင်း The Third Wave စာအုပ်မှာ ရေးဖူးတယ်။ ဆိုဗီယက်မှာ စီးပွားရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲရတာဟာ အာဖဂန်စစ်ပွဲမှာ အခြေခံတယ်လို့ Huntington က သုံးသပ်တယ်။ စရိတ်အကုန်အကျ များလွန်းတဲ့ အာဖဂန်စစ်ပွဲကနေ ဆိုဗီယက်တပ်တွေ ဆုတ်ပေးလိုက်ရတဲ့ အကျိုးဆက်ဟာ ပြည်တွင်းမှာ ရိုက်ခတ်သွားတာပါပဲ။

လောလောဆယ်တော့ မြန်မာပြည်ထဲ ၀င်ရောက်တိုက်ခိုက်ပြီး စစ်ဘီလူးကို ဖြုတ်ချမယ့်သူ မရှိသေးဘူး။ ဗမာစစ်တပ် အရှက်တကွဲအကျိုးနည်းပြီး သိမ်ငယ်သွားအောင် တိုက်ခိုက်နိုင်တာ တရုတ်တဦးတည်း ရှိတယ်။ ဒါပေမယ့် မော်စီတုန်း လက်ထက်ကလို တရုတ်တပ်တွေ မြန်မာပြည်ထဲ ၀င်တိုက်တာမျိုး လက်ရှိတရုတ်အစိုးရက လုပ်မှာမဟုတ်ဘူး။ တရုတ်ပြည် အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာပြည်က အထောက်အကူ ပြုတာကိုပဲ တရုတ်ကွန်မြူနစ်က လိုလားတယ်။

လွန်ခဲ့တဲ့ မေလကုန်က အမေရိကန်ကာကွယ်ရေးဝန်ကြီး Robert Gates စင်ကာပူညီလာခံမှာ ပြောသွားတဲ့ မိန့်ခွန်းကိုကြည့်ရင် အိုဘားမားအစိုးရသစ်ဟာ စစ်ရေးအရ စွက်ဖက်ဖို့ စိတ်မကူးတာ ထင်ရှားတယ်။ ဒေသခံအစိုးရတွေနဲ့ ထိထိရောက်ရောက် လက်တွဲ လုပ်ကိုင်နိုင်ဖို့အတွက် အာဆီယံ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို ဇူလိုင်လက အမေရိကန် လက်မှတ်ထိုးလိုက်တယ်။

နှစ်ပေါင်းများစွာ အာဏာအလွဲသုံးစားလုပ်ပြီး ဖောက်ပြန်ပျက်စီးနေတဲ့ ဗမာစစ်တပ်ဟာ တိုက်ရည်ခိုက်ရည် ရှိမှာမဟုတ်ဘူးလို့ ခန့်မှန်းကြတယ်။ တိုင်းရင်းသားလက်နက်ကိုင်ကို မနိုင်ဘူးထင်လို့ အပစ်အခတ် ရပ်စဲထားတာကို ထောက်ပြကြတယ်။ အပစ်အခတ် ရပ်စဲမှု နိဂုံးချုပ်ပြီ ဆိုရင်တော့ မုဒိမ်းတပ်မတော်ရဲ့ အစွမ်းအစကို မြင်ရပါလိမ့်မယ်။ နှစ်ပေါင်းများစွာ အာဏာရူးပြီး ကိုယ်ကျိုးရှာလာတဲ့ ဗမာစစ်မှုထမ်းဟာ စစ်သည်တော် မစစ်တော့ဘူးလို့ သုံးသပ်သူလည်း ရှိပါတယ်။ နိုင်ငံရေးလုပ်ပြီး ဖောက်ပြန်တဲ့ စစ်တပ်ဟာ အင်အားကောင်းတဲ့ ရန်သူကို ရင်ဆိုင်တဲ့အခါမှာ အကွဲအပြဲဖြစ်ပြီး အာဏာလက်လွှတ်လိုက်ရတဲ့ သာဓကတွေ ရှိတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ၁၉၈၆ က အာဏာရှင်မားကို့စ် ပြုတ်ကျသွားတာကို ပြည်သူ့ဆန္ဒပြပွဲကြောင့်လို့ သတ်မှတ်ပြီး ပြည်သူ့အာဏာ တော်လှန်ရေးလို့ ကင်ပွန်းတပ်ကြတယ်။ မားကို့စ်အစိုးရရဲ့ ဖောက်ပြန်မှုတွေကြောင့် ဖိလစ်ပိုင်စစ်တပ်မှာပါ စိတ်ဓာတ်ကျပြီး ဗိုလ်ချုပ်ကြီး Fidal Ramos ဒီမိုကရေစီဘက်သား ဖြစ်လာတာကို မေ့ထားလို့မဖြစ်ဘူး။ အာဏာရှင်မားကို့စ် လက်ထက်မှာ စစ်တပ်က နိုင်ငံရေးမလုပ်ပေမယ့် အာဏာရှင်နဲ့ ရောထွေးယှက်တင်ဖြစ်ပြီး ဖောက်ပြန်နေတာကြောင့် ပြည်တွင်းပုန်ကန်မှုကို ရင်ဆိုင်နေရတဲ့ စစ်ဗိုလ်လူတန်းစားထဲမှာ အမိန့်နာခံသူတွေ နည်းလာတယ်။

ဗမာစစ်တပ်မှာ ဒီမိုကရေစီ လိုလားတဲ့ အုပ်စုပေါ်လာပြီး အတိုက်အခံ (သို့မဟုတ်) တိုင်းရင်းသား လက်နက်ကိုင်နဲ့ ပူးပေါင်းမယ် ဆိုရင်တော့ စစ်အစိုးရ မျက်ဖြူဆိုက်နိုင်တယ်လို့ ထင်ကြေးပေးကြတယ်။ ဒါပေမယ့် ဗမာစစ်ဗိုလ်လူတန်းစားမှာ တပ်ထဲရှိတုန်း အမိန့်နာခံပြီး အပြင်ရောက်မှ ဆန့်ကျင်တဲ့ အစဉ်အလာရှိတယ်။ လွတ်လပ်ရေးရစမှာ ကွန်မြူနစ် ခေါင်းဆောင်တဲ့ တပ်ရင်းအချို့က အရပ်သားအစိုးရကို တော်လှန်တာတော့ ရှိတယ်။

မတရားတဲ့ စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်တော့လို့ ပြည်သူနဲ့လက်တွဲပြီး ဒီမိုကရေစီ ပြုပြင်ရေးလုပ်ချင်တဲ့ မျိုးဆက်သစ် စစ်ဗိုလ်လူတန်းစား ပေါ်ထွက်လာမှသာ မြန်မာပြည်မှာ အခြေခံ အပြောင်းအလဲဖြစ်ဖို့ အလားအလာ ရှိတယ်လို့ သုံးသပ်တာမျိုးလည်း ရှိတယ်။ ဒါပေမယ့် စစ်တပ်ထဲ အကွဲအပြဲဖြစ်မှာ စိုးရိမ်သူတွေရှိတယ်။ စည်းလုံးညီညွတ်စွာ ကြပ်ပြေးသန်းရွှေ မိသားစုကို အလေးပြုတာပဲ မြင်ချင်သူတွေရှိတယ်။ အကြောင်းပြချက်က ဆိုမာလီနိုင်ငံ (Somalia) မှာလို လက်နက်ကိုင် ကြီးစိုးတဲ့ တပ်မင်းတွေ ပေါ်လာမှာစိုးရိမ်လို့တဲ့။ စစ်မရောက်မီ မြားကုန်တယ်ဆိုတာ ဒါမျိုးပေါ့။

ဗိုလ်ခင်ညွန့် ခေါင်းဆောင်တဲ့ ထောက်လှမ်းရေးအုပ်စုကို ဒီမိုကရေစီလိုလားသူတွေအဖြစ် သတ်မှတ်တာမျိုးလည်းရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေရတုန်း စာနာထောက်ထားတဲ့ ထောက်လှမ်းရေးတွေရှိတယ်။ ဒေါ်စုနဲ့ ယုံကြည်မှု တည်ဆောက်ပြီး သမိုင်း စာမျက်နှာသစ် ဖွင့်တယ်ဆိုတဲ့ ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးတွေ ထောင်ထဲ ရောက်ကုန်တာကို ကြည့်ပြီး ဒေါ်စုနဲ့ ဆွေးနွေးချင်တဲ့ ဗိုလ်ခင်ညွန့်အုပ်စုနဲ့ မဆွေးနွေးချင်တဲ့ သန်းရွှေ-မောင်အေးအုပ်စု ပြိုင်ဆိုင်ရင်း ဗိုလ်ခင်ညွန့် အုပ်စု ပြုတ်သွားတာဆိုတဲ့ အယူအဆ အားကောင်းလာတယ်။

သတင်းစာဆရာ Bertil Lintner ကတော့ ဒီအမြင်ကို လက်မခံဘူး။ ခင်ညွန့်ထောက်လှမ်းရေးတွေ စီးပွားရေး၊ နိုင်ငံရေး အင်အားကောင်းလာပြီး တပ်ထဲမှာ အခွင့်ထူးခံ ဖြစ်လာတဲ့အတွက် ဗိုလ်သန်းရွှေက ရှင်းပစ်တာလို့ ဆိုတယ်။ ဗိုလ်နေ၀င်းက ထောက်လှမ်းရေးတင်ဦးကို ရှင်းပစ်တဲ့ပုံစံပဲလို့ဆိုတယ်။ ၈၈ ဒီမိုကရေစီအရေးတော်ပုံကာလမှာ ခင်ညွန့်ထောက်လှမ်းရေး သောင်းကျန်းတာတွေကိုကြည့်ပြီး ဒီလိုလူမိုက်တွေက ဒီမိုကရေစီ ပြုပြင်ရေးလုပ်တယ်ဆိုတာကို မယုံမကြည် ဖြစ်နေတာပါပဲ။ သင်္ကန်းဝတ်လိုက်တဲ့ မုဒိမ်းသမား ဂျပိုးသူခိုးကို ၀ိုင်းရှိခိုးတဲ့ဓလေ့ မြန်မာပြည်မှာ ရှိနေတာကိုလည်း မေ့ထားလို့မဖြစ်ဘူး။

အာရှနိုင်ငံတွေမှာ ဒီမိုကရေစီရေးအတွက် အနစ်နာခံလုပ်ကိုင်သွားကြတဲ့ မျိုးဆက်တွေရှိတယ်။ ဒါကြောင့် မြန်မာပြည်မှာ မျှော်လင့်ချက်ထားနိုင်တာ ၈၈ မျိုးဆက်ပဲလို့ Bertil Lintner သုံးသပ်တယ်။ ၈၈ မျိုးဆက်အများအပြား စာနယ်ဇင်းလောကမှာ တိုင်းပြည်တာဝန် ထမ်းဆောင်နေကြတယ်။ မြန်မာ့အနာဂတ်မှာ အင်အားစုတစုအနေနဲ့ ပါဝင်မယ့်လူတွေဟာ ၈၈ မျိုးဆက်ဖြစ်တယ်။ သက်ကြီးရွယ်အို အန်အယ်လ်ဒီခေါင်းဆောင်တွေမဟုတ်ဘူး။ ၈၈ မျိုးဆက်ထဲက ခေါင်းဆောင်အချို့ကို ထိန်းသိမ်းလိုက်ရုံနဲ့ ဒီမိုကရေစီလှုပ်ရှားမှု ကွယ်ပျောက်သွားမှာ မဟုတ်ဘူး။ စစ်အစိုးရဟာ နိုင်ငံရေးပါတီကို ဖျက်ဆီးနိုင်ပေမယ့် မျိုးဆက်တဆက်ကို ဖျက်ဆီးဖို့ အလွန်ခက်ခဲတယ်လို့ Bertil Lintner သုံးသပ်တယ်။

မျိုးဆက်တဆက်ကို အနှစ် (အစိတ်) လို့ သတ်မှတ်တာမို့ အာဏာရှင်စနစ် နိဂုံးချုပ်ဖို့ မျိုးဆက် ဘယ်နှစ်ဆက် ကြာမယ် မသိဘူး။ အာဏာရှင်စနစ်ကို ဇာတ်သိမ်းစေတဲ့ ပြင်သစ်တော်လှန်ရေး ၁၇၈၉ မှာ စခဲ့ပေမယ့် နောက်အနှစ် (၈၀) ကျော်ကြာတော့မှ ပြည်သူ့ကိုယ်စားလှယ်တွေချည်း အစိုးရဖွဲ့နိုင်တာကို ကြည့်ရင် အာဏာရှင်စနစ်အမြစ်ပြတ်ဖို့ အချိန်ကြာတတ်တာကို တွေ့နိုင်တယ်။ လွတ်လပ်ရေးအတွက် အနစ်နာခံရတဲ့ အတိုင်းအတာဟာ တနိုင်ငံနဲ့တနိုင်ငံ မတူကြဘူး။ ဒါပေမယ့် လွတ်လပ်ရေးရအောင် ကြိုးပမ်းနေသမျှ အာဏာရှင်စနစ် နိဂုံးချုပ်မယ့် အခွင့်အလမ်း အမြဲတမ်းရှိနေတယ်လို့ပဲ ပြောပါရစေ။

Monday, August 31, 2009

º Stay with less anger



'ဆရာတော်ဦးဇောတိက'

မှတ်သားဖွယ်ရာ ဒေါသနည်းအောင် နေနည်း



• လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက တတ်နိုင်သလောက် ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။

• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊ ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တိုတတ်တယ်။

• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။

• ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲရတယ်၊ စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။

• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။ ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ။

• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက်အောင် စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ အရေးကြီးတာကိုလုပ်ရင် ပိုပြီးစိတ်ပင်ပန်းတယ်။ ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့ သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ်။

• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့ လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျရင် လုပ်ဖြစ်အောင် အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ်ရမလား၊ နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။

• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက် သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။

• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်တဲ့နေရာမှာ မရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာ စိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊ စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ပစ္စည်းမျိုးကို မြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့ စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကို မြင်သာတဲ့နေရာမှာ ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး ဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက်နေတယ်လို့ မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊ ဝေးလေးကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။ ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။

• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်။ မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင် လုပ်ပါ။

• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက အကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေ ကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့ မရမက လုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။

• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင်သလောက် မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင် ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲ အေးအေးဆေးဆေးပြောပြီး သူ့မကောင်းကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ်။

• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများများနဲ့မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ နဲမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ပြောချင်ရင်၊ တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။ မဆိုင်တဲ့သူတွေကို မပြောပါနဲ့။ စိတ်ပျက်စရာကို ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။ စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင် ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။ ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကို နားလည်မယ်။ ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို သေသေချာချာစဉ်းစားပါ။

• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေးဆေးဆေး လုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေတဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။ မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် "အရင်လိုရင် အရနှေးတယ်" လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေးတယ်။

• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။ ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ ဘယ်လိုအခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရဝခမန်း မပြောပါနဲ့။ ကိုယ်ကို အင်မတန်သဘောကောင်း တယ်လို့မြင်စေချင်လို့ ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့်လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့ အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ ယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။ ပေးနိုင်တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။

• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။ ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို သိတိုင်းလည်း မပြောသင့်ဘူး။ မေးတိုင်းလည်းမဖြေသင့်ဘူး။

• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင် စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ဝင်ပြောပြီး အနိုင်မယူသင့်ဘူး။ နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။ စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊ သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။

• ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။ ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်း ခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လည်း ခက်ပါတယ်။ ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။ ဆရာဝန်အလုပ်လည်း စိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုးတကြီးနဲ့ ကြည့်တဲ့မျက်လုံရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။ စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့သလို ဖြစ်သွားတာဟာ တော်တော် သနားစရာကောင်းပါတယ်။ ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားတယ်။ စာမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။

• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။ လူတိုင်းကို စိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေးနိုင်ဘူး။ မကျေနပ်တဲ့သူက အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့ ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့ ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူး။ စိတ်ရှည်ရှည်ထားမယ်လို့ မကြာခဏ နှလုံးသွင်းပါ။ လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။ သူတို့ကို နားလည်ဖို့ ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာတော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။ တစ်ယောက် ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို တစ်ယောက် နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင် မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။ သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးတယ်။ သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုယ်ချင်းစာပါတယ် ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက် ကူညီပြီး နေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။ ကိုယ့်ဘဝမှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။

လောကီအတွက်ပါ အကြိုးပေးတဲ့ ဆုံးမသြဝါဒပါ။ ဝိပဿနာတရားတွေကို အမြဲ ရှုပွားနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဆရာတော်ရဲ့ သြဝါဒက ချက်ချင်းစိတ်ကို ငြိမ်းချမ်းစေနိုင်ပါတယ်။ စိတ်ကလေးကြည်လင်နေတဲ့အခါ ခန္ဓာဉာဏ်ရောက်တရားများကို အားစိုက်နာကြည့်လိုက်ပါ။ ဒါမှမဟုတ် ဝိပဿနာတရားအားထုတ်ကြည့်ပါ။ အင်မတန်ကို ချမ်းသာသုခ ရနေတဲ့အချိန်ပါ။ ဓမ္မမိတ်ဆွေများလည်း ဆရာတော် ပြောပြဆုံးမသည့်အတိုင်း လိုက်နာကျင့်သုံးနိုင်ပါစေ။ ဘ၀မှာ စိတ်အချမ်းသာဆုံးနေနိုင်ကြပါစေ။
(ရေနံ့သာမောင်ဘဲ၏ ဓမ္မဒါနဖြစ်ပါသည်။)

အလှူတကာအလှူတွင်တရားအလှူသည်အမြတ်ဆုံးဖြစ်၏။ ဤ Onlineတရားများ ဖြန့်ဝေပေးချင်းဖြင့် တရားအလှူပြုလုပ်ပေးနိုင်ပါသည်။ နီးစပ်ရာလေးတွေပါ မျှဝေပေးပါဦးခင်ဗျား..

တရားအရသာကို နှစ်သက်၍ တရား၌မွေ့လျော်၊ တရားနှင့်ပျော်ကာ ဒုက္ခခပ်သိမ်း ငြိမ်းအေး အောင်နိုင်ပါစေ...
အားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်နှလုံး အေးမြခြင်းဖြင့် ပြည့်စုံကြပါစေ...

Friday, August 21, 2009

º Tourists in Myanmar

Foreigners in Myanmar

မြန်မာလူမျိုး တော်တော်များများဟာ အင်္ဂလိပ်စာကို အကျွမ်းကြီး မဟုတ်တောင် နဲနဲပါးပါးတော့ ပြောနိုင်ဆိုနိုင်ကြပါတယ်။ ဆိုက်ကားသမား Taxi သမားကအစ၊ မြင်းလှည်းသမား အဆုံး နဲနဲပါးပါးတော့ ပြောတက်ကြပါတယ်။ ဒါပေမယ့်လည်း လူတိုင်းသတိထားရမှာက နိုင်ငံခြားသားတိုင်း အင်္ဂလိပ်စာမတက်ဖူးဆိုတာပဲ။ ပြင်သစ် တော်တော်များများ အင်္ဂလိပ်စာဘက်မှာ အားနည်းပါတယ်။ ဒီအဖြစ်အပျက်ကလေးကတော့ Taxi သမားတစ်ယောက်ကြုံခဲ့ရတဲ့ဟာလေးပေါ့။

(1)
တစ်ခါကနိုင်ငံခြားသားတစ်ယောက် (ပြင်သစ်လူမျိုး) ကားငှားတယ်... Taxi သမားက မေးလိုက်တယ်... သူတက်သမျှ မှတ်သမျှလေးနဲ့ပေါ့...

"Where u go?"

"Reclining Buddha." (လျောင်းတော်မူဘုရား)

ပြင်သစ်လူမျိုးက Buddha "ဗုဒ္ဓ" ကို "ဘုတ" ဆိုပြီး ပြောလိုက်တော့… ကားသမားက

"Yes. Yes. 1500 kyats."

"Ok." ဆိုပြီးထွက်သွားကြရော…. မိနစ် ၂၀ လောက်နေတော့ ရှူးရှူးရှဲရှဲနဲ့ပြန်ရောက်လာတယ်…

ဘာဖြစ်လို့လဲ မေးကြည့်တော့… ပြင်သစ်လူမျိုးက သူဘုရားသွားချင်တာကို သူ့ကို တစ်ခြားနေရာခေါ်သွားတယ်တဲ့… ဒါနဲ့ချစ်ပါတယ်လဲဘယ်ရမလဲ

ကားသမားကိုဖြဲတာပေါ့......(ပါးစပ်)

ခင်ဗျားကဘယ်ကိုခေါ်သွားတာလဲဆိုတော့…

ရန်ကုန်ဘူတာကြီးကိုတဲ့ သူပြောတယ်။ ဘူတာ ဘူတာ နဲ့ဆိုလို့ ရန်ကုန်ဘူတာကြီးကိုခေါ်သွားလိုက်တာလေတဲ့….

ကောင်းပါလေ့… ကောင်းပါလေ့.… လို့ပဲ ပြောလိုက်ရတော့တယ်….


(2)
တစ်ခါက ကားသမားတစ်ယောက်ကလဲ ခရီးစဉ်ထွက်သွားတယ်… နိုင်ငံခြားသားတွေနဲ့ပဲ…. ကလော၊ အင်းလေး၊ တောင်ကြီး၊ မန္တလေး အစုံပေါ့... ကလောရောက်တော့ နှစ်ညအိပ်တယ်...

နောက်တစ်နေ့မနက်စထွက်မယ်ဆိုတော့ မနက်အစောကြီး အရမ်းအေးပြီး ကားက နှိုးလို့မရဘူး… သွားတဲ့အချိန်ကလဲ ဒီဇင်ဘာလကြီးဆိုတော့ အေးလိုက်တာမှာ ခိုက်ခိုက်ကိုတုန်နေတာပဲ…

ဒါပေမယ့်ကားသမားကတော့ သူ့ကားနှိုးလို့မရလို့ ချွေးတွေပြန်ပြီး ဒေါသတွေထွက်နေပြီ နိုင်ငံခြားသားတွေကလဲ ဘာဖြစ်တာလဲ... ကားကတစ်လမ်းလုံးကောင်းနေပြီးတော့ အခုမှဘာဖြစ်တာလဲဆိုပြီး ပွစိ ပွစိနဲ့ပေါ့…

ဒါနဲ့ကြံရာမရတဲ့အဆုံး ကားသမားက ဟိုတယ်ကနေ မီးတုတ်တစ်ခုတောင်းလိုက်တယ်…. နောက်ပြီးကားအောက်ထဲကို ဖင်ဘူးတောင်းထောင် အောင်ကုန်းပြီး ကားအင်ဂျင်ကို အပူပေးတော့တာပဲ… Heat တိုက်တယ်လို့လဲခေါ်တယ်လေ…

အဲဒီမှာတင် နိုင်ငံခြားသားတွေအကုန်လုံး ပြူးပြူးပျာပျာ တွေဖြစ်ကုန်ပြီး ကားနားလေးကနေ ဝုန်းကနဲ ကိုထွက်ပြေးကုန်ကြတယ်… ပြီးတော့ အနားလဲမကပ်ရဲ… ကားသမားကလဲ အားရပါးရကို မီးတုတ်ကြီးနဲ့ ဖင်ကြီးကုန်းပြီး Heat တိုက်လို့ကောင်းတုန်း… အင်ဂျင်ပူလောက်ပြီထင်မှ ကားအောက်ကနေထွက်လာတယ်…

အဲဒီမှာတင် ခေါင်းဆောင် နိုင်ငံခြားသားက မေးလိုက်တယ်…
"Are u crazy?"
အာ ယူ ကလေးစီး… တဲ့....

ကားသမားလဲ နဂိုကမှ ကားစက်မနိုးလို့ဒေါသထွက်နေရတဲ့အထဲ အခုလို လာပွားတော့ တင်းသွားပြီး

"This is not ကလေးစီး. This is လူကြီးစီး..." ဆိုပြီးတော့ ပြောလဲပြော ကားပေါ်လဲတက်ပြီး စက်နှိုးလိုက်တာ ဝူးကနဲ နိုးသွားပြီး လိုရာခရီးကို ဆက်သွား ခဲ့ရတယ်လေ….

အဲဒီမှာတင်နိုင်ငံခြားသားတွေက မီးတုတ်ကြီးတွေမြင်တိုင်း လူကြီးစီး၊ လူကြီးစီး… ဆိုပြီးထအော်တော့တာပဲ….


(3)
ပုဂံက အမှတ်တရလက်ဆောင် ရောင်းတဲ့မိန်းမကြီးကလဲ အင်္ဂလိပ်စကားကို အရမ်းပြောတက်ချင်တာ… တိုးရစ်ဂိုက်တွေလာရင် သူတို့ပြောတာကြည့်ပြီး အရမ်းကိုပြောတက်ချင်တာပေါ့.. ခင်တဲ့ ဂိုက်တွေကလဲ သင်ပေးတယ်… အားလဲပေးတယ် ပြောသာပြောအစ်မ မကြောက်နဲ့ မှားသွားရင်လဲ ရှက်စရာမလိုဘူး သူတို့လဲ ဒီလိုနဲ့ပဲ စခဲ့တာပဲ ဘာညာပေါ့နော်... အဲဒီမှာတင်အားတွေရှိပြီးပြောချင်နေတော့တာပဲ…

ဒီလိုနဲ့ပဲ ခရီးသွားအဖွဲ့တစ်ခု သူ့ဆိုင်ကို ဝင်လာတယ်…. ခေါင်းဆောင်ဂိုက်ကလဲ သူနဲ့ခင်နေတော့ အစ်မပြော မကြောက်နဲ့ ဆိုပြီး သင်ပေးတယ် ပြောခိုင်းတယ်….

အဲဒီမှာ နိုင်ငံခြားသားတစ်ယောက်က ဘီလူးရုပ်ကလေးတစ်ခုကိုမေးလိုက်တယ်…..

"How much is it?" (ဘယ်လောက်လဲ)

"It is 80$." ဒေါ်လာရှစ်ဆယ်ကျပါတယ်ပေါ့… အဲဒီအထိဟုတ်နေတုန်းပဲ… နိုင်ငံခြားသား ဆက်ပြောလိုက်တာက…

"Oh! Very Expensive..."

အစ်မကြီးက.. အင်္ဂလိပ်စကားလဲပြောချင် သူ့အရုပ်လေးမရောင်းရမှာကို စိုးရိမ်ပြီးတော့ ပြောလိုက်တာက…

"မ Expensive ဖူးလေ… very cheap တယ်လေ… If you like I လျှော့ပေးမယ်လေ.." တဲ့…
ဂိုက်အစ်ကိုကြီးတောင် ပါးစပ်အဟောင်းသားဖြစ်သွားတယ်….


(4)
တစ်ခါက အဲဒီအစ်မကြီးကိုပဲ နိုင်ငံခြားသားတစ်ယောက်က အိမ်သာတက်ချင်လို့မေးတယ်…

"Where is toilet?" ဆိုတော့…

အိမ်သာကတည့်တည့်သွားလို့မရဘူး… ခြံရဲ့အစွန်မှာ… လမ်းမှာ နှစ်ခါလောက်ကွေ့ရမှာ… အဲဒါနဲ့အစ်မကြီးပြောလိုက်တာက…

"This way… you go. You go and ကွေ့ ကွေ့ go" ဆိုပြီး လက်ဟန်ခြေဟန်နဲ့ပြလိုက်တာ နိုင်ငံခြားသားလဲ အိမ်သာကိုတန်းရောက်သွားတယ်တဲ့…သြော်..... သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲလို့…..

Sunday, August 9, 2009

º The Best Present


ပြန်လည် မျှဝေခံစားခြင်း...
Author/ Source: Unknown

အကောင်းဆုံးလက်ဆောင်

(၁)
ခရီးအတူသွား ကောင်မလေးတစ်ယောက်က အခုလို့ မေးခဲ့တယ်။ "လူတစ်ယောက်က အခြားလူတစ်ယောက်ကို ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်က ဘာလဲ"

ဒီမေးခွန်းကို သဘောကျလို့ သိတဲ့ လူအချို့ကိုလည်း မေးခဲ့ဖူးတယ်။ အဖြေတွေအများကြီးထဲက တစ်ချို့အဖြေဟာ စိတ်ဝင်စားစရာ ကောင်းနေတယ်။ ဥပမာ

"သစ္စာ၊ ချီးကျူးစကား၊ ဂတိ၊ အကြင်နာ၊ ဗဟုသုတ၊ လေးစားမှု၊ ခွင့်လွတ်မှု၊ အချစ်၊ ဂရုစိုက်မှု.... "
စတာတွေဖြစ်တယ်။

အဖြေတွေထဲက မေးခွန်းထုတ်ခဲ့တဲ့ ကောင်မလေး ဖြေခဲ့တဲ့ 'အချိန်' ဆိုတဲ့အဖြေကို အခုထက်ထိ အမှတ်ရနေမိတယ်။

ချစ်သူနဲ့ကွဲစ သူငယ်ချင်းတစ်ယောက်ကို စိတ်ပြေအောင် ကျွန်မတို့ သူငယ်ချင်းတစ်သိုက် အပြင်ခေါ်ထုတ်ပြီး လည်ပတ်စားသောက်ကြတယ်။ တစ်ပတ်နေပြီးနောက် သူငယ်ချင်းတွေထဲက တစ်ယောက်က သူ့ကို

"နင်စိတ်ပြေအောင် လည်ပတ်စားသောက်ခဲ့တဲ့ billတွေအားလုံး အဲဒီလူကို ပို့ပေးလိုက်၊ ပိုက်ဆံကို သူရှင်းပါစေ"
လို့ စနောက်လိုက်တယ်။

"ဘာဖြစ်လို့လဲ"

"လမ်းခွဲခလေ"

"ဟင်း....သူလျော်နိုင်မှာ မဟုတ်ပါဘူး.. ဘာဖြစ်လို့လဲဆိုတော့ ငါ့ရဲ့ အကောင်းဆုံးအချိန်၊ တန်ဖိုးအရှိဆုံး အချိန်တွေကိုတောင် သူ့ကိုပေးခဲ့တာပဲ။ သူလျော်နိုင်မှာ မဟုတ်ပါဘူး"
လို့ သူက ပြန်ဖြေရှာတယ်။

(၂)
နေ့တိုင်း အချိန်တွေကို အလုပ်မှာပဲ မြုပ်နှံထားပြီး အိမ်ထောင်ပြုဖို့ အရွယ်လွန်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို သူ့အိမ်က စိတ်ပူစပြုလာတယ်။ သူ့အတွက် သင့်တော်မယ့် မိန်းကလေးကို လိုက်ရှာ၊ လိုက်စပ်ပေးနဲ့ အလုပ်ရှုပ်နေကြတယ်။

"ဘယ်လိုမိန်းကလေးမျိုးကို ကြိုက်လဲ၊ ကိုယ်ကြိုက်တာ တစ်ခုခုကို ပြောမှ လူတွေက နင့်အတွက် ရှာပေးရ အဆင်ပြေမှာပေါ့"
လို့ သူ့ကို ကျွန်မမေးတော့...

"သူ့အတွက် ငါ့အချိန်တွေကိုပေးနိုင်မယ့် မိန်းကလေးကိုပဲ ငါလိုချင်တယ်"
လို့ သူက ပြန်ဖြေခဲ့တယ်။

(၃)
အချစ်ကြောင့် စိတ်ရောကိုယ်ပါ အကြီးအကျယ် ထိခိုက်ခဲ့တဲ့ ကောင်မလေးတစ်ယောက်က နှစ်တွေကြာခဲ့ပေမယ့် မပျော်ရွှင်တဲ့ စိတ်ပြတင်းပေါက်ကို မဖွင့်နိုင်ခဲ့ဘူး။ အချစ်သစ် မရှာနိုင်ခဲ့ဘူး။ လူတွေက သူ့ကိုထားသွားခဲ့သူကို မမေ့နိုင်လို့၊ စောင့်နေသေးတယ်လို့ ထင်နေကြတယ်။ ဒါပေမယ့် အဲဒီလူ သူ့ကိုပြန်ဆက်ဖို့ ထပ်ကြိုးစားချိန်မှာ သူငြင်းပယ်ခဲ့တယ်။

"သူ့ကို ကျွန်မ မေ့မရလို့ မဟုတ်ပါဘူး။ ကျွန်မနှမြောတာက ဟိုးအရင်သူနဲ့အတူ ရှိခဲ့ဖူးတဲ့ အချိန်တွေကိုပါ။ ဒါပေမယ့် အဲဒီလိုအချိန်မျိုး ကျွန်မတို့အတွက် ထပ်ရှိလာနိုင်တော့မှာ မဟုတ်ပါဘူး။"

(၄)
"အဆုံးမဲ့ အချိန်နယ်ပယ်တွင်းမှာ စောတယ်၊ နောက်ကျတယ်ဆိုတာ မရှိဘူး။ အချိန်မီ ရောက်လာတာပဲရှိတယ်"

စောစောမုန်းတဲ့ အမုန်းပဲဖြစ်ဖြစ်၊ နောက်ကျမှ မုန်းတဲ့ အမုန်းပဲဖြစ်ဖြစ် အမုန်းဆိုတာ စိတ်ညစ်၊ ၀မ်းနည်းစရာတွေဖြစ်တယ်။ ဒါကြောင့် အမုန်းကို ဥပေက္ခာ ပြုလိုက်တာ အကောင်းဆုံးပါပဲ။

- မှန်တဲ့အချိန်မှာတွေ့တဲ့ အချစ်ရဲ့ရုပ်ပုံကမှ လှပသတဲ့။
(right time, right person)
- မှန်တဲ့အချိန်မှာ မှားတဲ့အချစ်နဲ့ တွေ့ရင် ခံစားရတယ်။
(right time, wrong person)
- မှားတဲ့အချိန်မှာ မှန်တဲ့အချစ်နဲ့တွေ့ရင် ၀မ်းနည်းရတယ်။
(wrong time, right person)


ကိုယ့်အချိန်တွေကို ပေးနိုင်မယ့် လူတစ်ယောက်ကိုရှာယူပါ။ သူ့အချိန်တွေ ကိုယ့်အတွက်ပေးနိုင်မယ့် လူတစ်ယောက်ကို ရှာယူပါ။ ကိုယ့်အတွက် စိတ်ဓာတ်ခွန်အားတွေ ပေးနိုင်တဲ့ လူကိုတန်ဖိုးထားပါ။ အကောင်းဆုံး လက်ဆောင်ဆိုတာ ကိုယ်ချစ်တဲ့လူအတွက် ကိုယ့်အချိန်တွေကို ပေးနိုင်တာပဲဖြစ်တယ်။

သွားအတူ၊ လာအတူ၊ စားအတူ၊ အတူဆွေးနွေးတယ်၊ အတူဆိုညည်းတယ်၊ အတူကဗျာစပ်ကြတယ်၊ အတူကာရံတွေညှိကြတယ်... အတူ..... အတူ.... တစ်ယောက်တည်း ဖြစ်သွားတဲ့အချိန်မှာ 'အပျော်'ဆိုတာ မရှိတော့ဘူး။ တကယ်လို့ ကျွန်မကို "အကောင်းဆုံး လက်ဆောင်က ဘာလဲလို့" မေးခဲ့ရင် 'အချိန်' လို့ပဲ ကျွန်မဖြေမိမှာပါ။

ဘယ်လောက်ပဲ ချစ်နေ၊ ခံစားနေပါစေ၊ ဘယ်လောက်ပဲ လေးစားမြတ်နိုးနေပါစေ... အဲဒီအချစ်၊ မြတ်နိုးမှုတွေက ကိုယ်ချစ်တဲ့လူတစ်ယောက်ရဲ့ အနားမှာနေခွင့်ရတဲ့ 'အချိန်' နဲ့ မနှိုင်းသာပါဘူး။

Monday, July 6, 2009

º For those myanmar in Singapore

http://minneain.blogspot.com/ မှ ကူးယူ ဖော်ပြပါသည်။

စင်ကာပူ နိုင်ငံသားများရဲ့ သဘောထားမှန်

ဒီနေ. Straits Times သတင်းစာထဲမှာပါတဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို မျှဝေပါရစေ၊၊ ဖတ်တဲ့သူတွေ လည်းသိပြီးပြီထင်ပါတယ် ၊၊ မဖတ်ရသေးတဲ့သူတွေ သိရအောင်ပါ ၊၊ဆောင်းပါးအရ မနေ့က Tanjong Pagar GRC မှာ လုပ်တဲ့ ဆွေးနွေးပွဲခေါ်မလား ၊ ရှင်းလင်းပွဲ ပြောမလား အဲဒီ အကြောင်းလေးပါ ၊၊ အဓိကကတော့ Singaporean တွေက Foreign worker တွေကို Complain တက်တဲ့ ရှင်းလင်းပွဲလို့ ပြောလို့ရမယ်ထင်ပါတယ် ၊၊ Debate လို့သုံးထားပါတယ် ၊၊ Forign-versus-local debate dominated a community dialogue လို့အစပြုပြီး ရေးသားထားပါတယ် ၊၊ Local လို့ခေါ်တဲ့ Singaporean တွေက သူတို့ အလုပ်အကိုင်ရှားပါးရတာဟာ Foreign Workers တွေကြောင့် ဖြစ်ပါတယ် လို စွပ်စွဲပါတယ် ၊၊ Some Singaporeans questioned the need for foreign workers , arguing that Singapore could survive without them . One even called for the Government to stop issuing work permit to them. အထက်က စာကြောင်းကတော့ တော်တော့ ကို ပြင်းထန်ပါတယ်၊၊ ပါမစ်ထုတ်မပေးဖို့ အစိုးရကို တွန်းအားပေးတာပါ ၊၊

ဒါပေမယ့် MOM Minister Mr Gan Kim Yong ကတော့ အသေအချာပြန်ပြောပါတယ် ၊၊ ကျွန်တော်တို့ စနစ်တကျ ဆောင်ရွက်နေပါတယ် ၊၊ နိုင်ငံခြားသားတွေဟာ အသုံးလည်းဝင်ပါတယ် ၊ အရေးလည်းကြီးပါတယ် ဒါပေမယ့် စင်ကာပူ နိုင်ငံသားတွေ အတွက် ကူညီဖို့ အမြဲတမ်း နည်းလမ်းတွေ ရှာကြံနေပါတယ်တဲ့ ၊၊ နောက် သူက ဆက်ပြောတာကတော့ စင်ကာပူနိုင်ငံသား တွေ အလုပ်အကိုင်တည်မြဲရေးနဲ့ စင်ကာပူနိုင်ငံ စီးပွားရေး အထောက်အပံ့အတွက်လိုအပ်တဲ့ နိုင်ငံခြားသားတွေရဲ့ အရည်အတွက်ကိုလည်း ထိန်းညှို ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်လို့ ဆိုပါတယ် ၊၊ ဆွေးနွေးပွဲပြီးတဲ့နောက် သတင်းထောက်တွေကို ပြောကြားရာမှာတော့ PM Mr Lee Hsien Loong မှ SMU Singapore Management University မှာ ပြောကြားသွားတဲ့ စကားလေးကို ပြန်ပြောသွားပါတယ် ၊၊
"This sentiment will remain and it is heightened during this recession because Singaporeans are affected "

နောက်ထပ် စင်ကာပူနိုင်ငံသူ တစ်ယောက်ကတော့ " ဘာဖြစ်လို့ နိုင်ငံခြားသားတွေအတွက် လုပ်ကိုင်ခွင့်တွေ မရပ်ပစ် ၊ မပိတ်ပစ်တာလဲရှင် ၊၊ နိုင်ငံသားတွေအတွက် အလုပ်အကိုင် ရှာဖို့ အခွင့်အရေးတွေ နည်းပြီး အလုပ်လက်မဲ့တွေ များလာတာပေါ့ "Why not stop issuing work permits to foreign workers , so that unemployed locals will get the first bite of any job opportunity." ကျွန်တော်တို့အတွက် ဝမ်းသာစရာကောင်းတာက အလုပ်ရှင်တွေ က နိုင်ငံခြားသား အလုပ်သမားတွေကို ပိုသဘောကျပါတယ်တဲ့ ၊၊ Ms Amelia Kang ဆိုတဲ့ အလုပ်ရှင်အမျိုးသမီးကတော့ စင်ကာပူနိုင်ငံသားတွေ နဲ့ အလုပ်လုပ်ရတာကို ဒီလိုဆိုပါတယ် " ကျွန်မရဲ့ အလုပ်မှာ စင်ကာပူနိုင်ငံသား ၁၅ ယောက်ကို ငှားရမ်းလုပ်ကိုင်စေခဲ့ပါတယ် ၊၊ တစ်နှစ်ကျော်အောင်လုပ်သွားတာ ၃ ယောက်ပဲ ရှိပါတယ် ရှင်" လို့ဘယ်လို လုပ်ရကိုင်ရ ခက်ခဲကြောင်း ပြောကြားသွားပါတယ် ၊၊နောက် အလုပ်ရှင် Mr Andrew Kang ကထောက်ခံပြောကြားသွားတာကတော့ နိုင်ငံသားတွေက မလုပ်ပေမယ့် နိုင်ငံခြားသား အလုပ်သမားတွေက အချိန်ပို အလုပ်ဆင်းဖို့လည်း ဝန်မလေးကြပါဘူး တဲ့ ၊၊ Locals would be reluctant လို့ ဆိုပါတယ် ၊၊

နောက်ထပ် ခေါင်းစဉ်တစ်ခု ဆက်ဆွေးနွေးတာကတော့ စင်ကာပူနိုင်ငံသားနဲ့ ပီအာတွေပါ ၊၊ အခွန်တူတူဆောင် ရပါလျက် အခွင့်အရေးတူတူ မရတဲ့ အကြောင်း ပါ ၊၊ တော်တော် တော်တဲ့ စင်ကာပူ နိုင်ငံသားတွေ ပါ ဒီလို ပြန်ပြောပါတယ် "အခွင့်အရေး တူတူ လိုချင်ရင် နိုင်ငံသားခံလိုက်ပါလား" တဲ့ သူ့ဆောင်းပါးထဲမှာတော့ Singaporean later rose to challenge to PR လို့ သုံးထားပါတယ် ၊၊ နောက်ဆုံးမှာ Mr Gan ကပြောတာကတော့ နိုင်ငံခြားသား လုပ်သားတွေကို ပြန်ထုတ်ရမယ် ဆိုရင် စင်ကာပူ အနာဂတ်ကို ထိခိုက်ပါလိမ့်မယ် ၊၊ ကုမ္ပဏီတွေကို ဖိအားပေးပြီး နိုင်ငံသားတွေပဲ အလုပ်အကိုင်ပေးရမယ်လို့ဆိုရင်လည်း သူတို့လုပ်ငန်းဆောင်ရွက်ရာမှာ ပိုမိုခက်ခဲစေပါလိမ့်မယ် လို့ ဆိုပါတယ် ၊၊ နောက်ဆုံးမှာ Mr Gan ဆိုသွားတာကတော့ " To keep foreigners out may be
very appealing to the locals , but it may not be the right approach for Singapore in the long term , because it will undermine the basic economic fundamentals ."

နောက်ဆုံးမှာထပ်ပြီး Mr Gan က သူရဲ့ Ministers နဲ့ MP တွေကို သေချာကွင်းဆင်းရှင်းလင်းပြဖို့နဲ့ နောက်ပိုင်းမှာ စင်ကာပူနိုင်ငံကြီးသားတွေ အနေနဲ့ နားလည်းလက်ခံလာမယ်လို့ သူယုံကြည်ပါတယ်လို့ ပြောကြားသွားပါတယ် ၊၊ ဆောင်းပါးလေးရဲ့ ခေါင်းစဉ်ကတော့ Foreign v local debate gets airing ဆောင်းပါးရှင် သတင်းရေးသူ ကတော့ Aaron Low ဖြစ်ပါတယ် ၊၊ ဇွန်လ ၈ ရက်နေ့ထုတ်သတင်းစာမှာပါတဲ့ ဆောင်းပါးလေးကို တင်ပြတာပါ ၊၊ မူရင်းကို ဖတ်ကြည့်စေချင်ပါတယ်၊၊ အမှားအယွင်း အကျအပေါက် ကွဲလွဲမှူများ ပါဝင်ပါက ခွင့်လွှတ်ပါရန်ကြိုတင် တောင်းပန်ပါတယ် ၊၊ ဒီနိုင်ငံမှာ လာရောက်အလုပ်လုပ်သူချင်းမို့ ကိုယ်ချင်းစာ စိတ်လေးနဲ့ မျှဝေပေးခြင်းသပ်သပ်ပါ ၊၊ အင်္ဂလိပ်စာ ညံ့ သလို မြန်မာစာရေးလည်း မကောင်းပါဘူး ၊၊ PR သမားတွေ အတွက် သိပ် အရေးမကြီးပေမယ့် Pass Holder တွေ အတွက်တော့ အလုပ်မရှိတာနဲ့ နေထိုင် ခွင့်လည်း မရှိတော့ပါဘူး ၊၊ ဒါကြောင့်ပိုအရေးကြီးမယ်ထင်ပါတယ်အခုလို့ သူတို့နိုင်ငံသားတွေ အနေနဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ပေါ်မှာ ထားတဲ့ သဘောထားကို သိရတော့ ဘာပဲဖြစ်ဖြစ် သွားသတိ ၊ စားသတိ ၊ လာသတိ ၊ နေသတိ ၊ ထိုင်သတိ ၊ အလုပ်ထဲမှာလည်း သတိနဲ့ လှုပ်ရှား ရတာပေါ့ ဗျာ ၊၊ အားလုံးရွှင်လန်းချမ်းမြေ့ပါစေ။

လေးစားစွာဖြင့်

Wednesday, June 17, 2009

º Delicious Myanmar Food 1

တို့မြန်ပြည်မှ အစားအသောက်များ၊ အဝေးကိုရောက် မြန်မာများအတွက် အမှတ်တရ...


စုစည်းပေးသူ၊ ပေးပို့သူ၊ လက်ဆင့်ကမ်းသူများ အားလုံးကို ကျေးဇူးတင်ရှိပါ၏။...

Asia > South East Asia > Union of Myanmar United Nations ASEAN
Brunei Cambodia Indonesia Laos Malaysia
Myanmar Philippines Singapore Thailand Vietnam

NOAA Expect La Niña in Myanmar

.....အမေရိကန် အမျိုးသား သမုဒ္ဒရာ နှင့် လေထု စီမံရေးရာဌာန(NOAA) ၏ သုတေသနပြု စစ်တမ်းများအရ လာနီညာကြောင့် လာမည့် လများ၌ အရှေ့တောင်အာရှဒေသတွင် ပုံမှန်ထက် ပိုမိုအေးမြသည့် ရာသီဥတုနှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး မိုးများခြင်း၊ မြစ်ရေကြီးခြင်း၊ မြေပြိုခြင်းများ ကြုံတွေ့ရနိုင်သည်ဟု ဆိုသည်။

၂၀၁၀-၁၁ ခုနှစ်တွင် ဖြစ်ပေါ်မည့် လာနီညာရာသီဥတုကြောင့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ် စသောမြစ်များ စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ရေကြီးနိုင်ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ မန္တလေးတိုင်း (မိုးကုတ်မြို့နယ်)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် မြေပြိုမှုများကို သတိရှိရန် လိုအပ်ကြောင်း ဒေါက်တာထွန်းလွင်က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ မိုးလွန်ကာလ အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် မုန်တိုင်းအန္တရာယ်ကိုလည်း သတိပေး ပြောကြားသွားသည်။

Referred Article: ဧရာဝတီ၊ ဟိန်းဇော်
လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်

Main Cause of Supreme Heat on Myanmar

စစ်အစိုးရ လက်ထက်တွင် ၀ိသမ လောဘသားများသည် အာဏာပိုင်တို့နှင့် ပူးပေါင်းကာ သဘာဝရင်းမြစ် သစ်တောကြီးများကို ဖျက်ဆီးပြီး၊ နိုင်ငံခြား တိုင်းပြည်များသို့ မိမိတို့ ကိုယ်ကျိုး စီးပွားအတွက် တရားမ၀င် ရောင်းစားလျက် ရှိရာ ယခု အခါ ရခိုင်ရိုးမနှင့် ပဲခူးရိုးမတို့ မှာ သစ်ပင်များ ပြောင်သလင်းခါ နေရလေပြီ။...

...သစ်တော ပြုန်းတီးမှုကြောင့် အပူလွန်ကဲကာ မြေဆီ သြဇာ ဆုတ်ယုတ် ပျက်စီးပြီး စပါးအထွက်နှုန်း ကျဆင်းနေသလို ငရုတ်၊ ခရမ်း၊ ပဲ၊ ပြောင်း စသည့် ကောက်ပဲသီးနှံများလည်း ဖြစ်ထွန်းမှု မရှိတော့သဖြင့် ဒေသခံများ ဆင်းရဲ ကျပ်တည်းမှုနှင့် ရင်ဆိုင် နေကြရသည်။...

Referred Article: Arakan Review ၊ ခိုင်မင်းစံ (ဒွါရာဝတီ)
ရခိုင်ပြည်နယ်၏ သစ်မှောင်ခိုလုပ်ငန်း

Drought Affects Entire Myanmar

... အခြားသောနိုင်ငံများနှင့်ယှဉ်လျှင် မြန်မာနိုင်ငံတွင် စက်ရုံကြီးများ အနည်းငယ်သာရှိသော်လည်း နအဖကသစ်များကိုခုတ်၍ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချပြီး ကိုယ်ကျိုးစီးပွါးအတွက် သုံးစွဲလွန်း...

“သစ်တောတွေခုတ်တာ ၂-နှစ် ၃-နှစ် မကတော့ဘူး။ ဆယ်စုနှစ်လောက်ရှိပြီ။ နအဖက ဒီလိုသာဆက်ပြီး ခုတ်နေမည် ဆိုရင် မြန်မာတစ်နိုင်ငံလုံး သစ်တောတွေ ပြုန်းတီး ရာသီဥတုဖောက်ပြန်ပြီး မိုးခေါင်ရေရှားတဲ့ ပြဿနာပိုကြုံရဖွယ်ရှိတယ်”...

Referred Article: Burmese News International ၊ သျှမ်းသံတော်ဆင့်သတင်း
ရာသီဥတုဖောက်ပြန် အင်းလေးကန်ကြီးမကြုံစဖူး သိသိသာသာခန်းခြောက်

Unsafe New Buildings in Yangon

...ရန်ကုန်တွင် မကြာသေးမီ နှစ်များ အတွင်း ဆောက်လုပ် ခဲ့သည့် အထပ် မြင့်တိုက် အများအပြားသည် ငလျင် လှုပ်သည့်အခါ ပြိုကျနိုင်ဖွယ် ရှိကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနတွင် တာဝန် ထမ်းဆောင်ခဲ့သည့် အင်ဂျင်နီယာ တဦးက ပြောသည်။

“တိုက်ဆောက်ရင် အရည်အသွေး စစ်ဆေးတဲ့ အပိုင်းကို အစိုးရက ဖိဖိစီးစီး မလုပ်နိုင်ဘူး။ ကန်ထရိုက် တွေကလည်း အရည်အသွေးပိုင်း စစ်ဆေးတဲ့ စည်ပင် အရာရှိတွေကို လာဘ်ထိုးပြီး စိတ်ကြိုက် ကုန်ကျစရိတ် လျှော့ဆောက်တာ ဖြစ်တဲ့ အတွက် အရမ်းကို အန္တရာယ် ကြီးပါတယ်” ဟု သူက ရှင်းပြသည်။

အသုံးပြုသော ဘိလပ်မြေ၊ သံချောင်းများမှာ သတ်မှတ်ထားသည့် စံ၊ အရည်အသွေး မရှိသောကြောင့် အန္တရာယ်ကြီးသည့် အဆောက်အအုံများဖြစ်သည်ဟု ထိုအင်ဂျင်နီယာက ပြောသည်။

Referred Article: ဧရာဝတီ၊
ရန်ကုန်မြို့လယ်တွင် တိုက်ပြိုကျ၊ တဦး သေဆုံး

84 model & Below Cars To Expel soon From Yangon

ရန်ကုန်တွင် မောင်းနှင်နေသော ၁၉၈၄ မော်ဒယ်နှင့် ၎င်းအရင် ကားများကို ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှ စတင်၍ နယ်မြို့များတွင်သာ မောင်းနှင်ခွင့် ပြုတော့မည်ဟု ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ထိပ်တန်း အရာရှိကြီးတဦးက ပြောသည်။...

...''လူတွေ အထင်မှားနိုင်တာက မော်ဒယ်တွေ အနိမ့်ဆိုရင် နံပါတ်အနိမ့်တွေ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ တွေးမိပြီး မှားနိုင်တယ်။ ၁၉၈၄ မော်ဒယ် အောက်ကိုပဲ နယ်တွေအတွက် အသုံးပြုရမှာ'' ဟု (ကညန) အရာရှိကြီးက ဆိုသည်။

Referred Article: မဇ္ဈိမ၊ မင်းသက်
မော်ဒယ်နိမ့် ကားများ နယ်နှင်မည်

Suicides in Myanmar

...“စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲဆိုတာ လူတိုင်း ဘဝတသက်တာမှာ တခါလောက်တော့ ကြုံတယ်၊ ကိုယ့်ကိုယ်ကိုယ် မသိကြလို့သာ။ အဲဒီလို တသက်မှာ တခါလောက်ကြုံတတ်တဲ့ စိတ်ဓာတ် အပြောင်းအလဲကို မကျော်လွှားနိုင်ရင် ထွက်ပေါက် ရှာကြတာပေါ့။ စိတ်ဓာတ် မခိုင်မာတဲ့သူတွေ လုပ်လေ့ရှိကြတာပါ” ဟု ရန်ကုန်မှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ မျိုးအောင်က ရှင်းပြသည်။

ပဋိပက္ခကိုဖြစ်စေသောစိတ်၊ အပြောင်းအလဲ လက်မခံလိုသည့်စိတ်၊ ဖိအားပေးခံနေရသောစိတ်၊ လိုအင်ဆန္ဒ မပြည့်သောစိတ်နှင့် ငြီးငွေ့သော စိတ်တို့က သေကြောင်းကြံစည်ရန် တွန်းအားပေးသော အကြောင်းရင်းများ ဖြစ်ကြောင်း အဆိုပါ ဆရာဝန်က ပြောသည်။...

...“စိတ်ဖိစီးမှုဆိုတာ လူတိုင်းမှာ ရှိတယ်။ ကိုယ့်အသက်ကို ရန်ရှာတဲ့ အခြေအနေမျိုးအထိ စိတ်ဖိစီးမှုမဖြစ်အောင် သတိထားပြီး နေထိုင်ရတယ်။ နောက်တခုက ဖြစ်လာပြီဆိုရင်လည်း အကောင်းဆုံးဖြစ်အောင် ဖြေရှင်းပြီး စိတ်သက်သာမှု ရအောင် ဖန်တီး နေရမယ်။ တရားထိုင်တာ၊ လေ့ကျင့်ခန်း လုပ်တာတွေကတော့ အကောင်းဆုံးပဲ။ ပတ်ဝန်းကျင်မှာလည်း စိတ်ကျတဲ့ သူတွေကို တွေ့ရင်၊ မိသားစုဝင်တွေကို ဆရာဝန်နဲ့ တွေ့ဖို့အတွက် အကြံပေးသင့်တယ်” ဟု ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနမှ ပါမောက္ခ တဦးက ပြောဆိုသည်။...

Referred Article: ဧရာဝတီ၊ ကြည်ဝေ
ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သူ များပြားလာ

Myanmar Election 2010

...မြန်မာပြည်မှာ တိုက်လေယာဉ်က ပြည်သူပြည်သားတွေထက် အရေးကြီးနေပုံရတယ်။ မြန်မာပြည်မှာလည်း ပီရူးနိုင်ငံမှာ ကြုံခဲ့သလို အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ဝေဒနာနဲ့ တိုင်းသူပြည်သားတွေ ရင်ဆိုင်နေရတာက ဆယ်စုနှစ်တခု မကတော့။...

...နောက်တချက်ကလည်း လတ်တလော အဖြစ်အပျက်ကို ပြန်ကြည့်ရင် ၂ဝဝ၈ ခုနှစ်အတွင်း နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူတသိန်းလေးသောင်းနီးပါး သေဆုံးခဲ့ပြီး ရှိသမျှ၊ ပိုင်ဆိုင်သမျှ ပစ္စည်းတွေ ဆုံရှုံးခဲ့ရတဲ့ လယ်သမားတွေ မြစ်ဝကျွန်းပေါ်မှာ သန်းနဲ့ချီပြီး ရှိနေတာပါ။ သူတို့အတွက် စစ်အစိုးရက လောက်လောက်လားလား ကူညီခဲ့ပါသလား။...

...ပြိုင်ကားမောင်းနေရအောင် မြန်မာပြည်ရဲ့ ဓနက အဲသလောက် ပိုလျှံနေလို့လားလို့ မေးစရာ ဖြစ်လာပါတယ်။ ဂေါက်သီးကွင်းသစ်တွေ ဖွင့်လှစ်ပြီး ဂေါက်သီးရိုက်နေတာကိုပဲ လွန်လှပါပြီ။...

...ငွေ အကုန်တကာ့ အကုန်ဆုံး ကိစ္စကြီး ပြန်ကြည့်မယ်ဆိုရင် နေပြည်တော်သစ်ကြီး တည်ဆောက်ခဲ့တာနဲ့ ကာကွယ်ရေးအတွက် မြေအောက်လှိုဏ်ခေါင်းတွေ တူးဖော်ဆောက်လုပ်နေတာတွေ ဖြစ်ပါတယ်။ မြန်မာပြည်သားတွေအတွက် မြို့တော် နောက်ထပ်အသစ်တခု မလိုပါ။ အမှောင်ထဲမှာ ဆင်းနေစရာ မလိုတဲ့အတွက် လှိုဏ်ခေါင်းတွေ၊ ဥမင်တွေလည်း မလိုပါ။ နိုင်ငံသားတွေအတွက် အလွန်လိုအပ်နေတာကတော့ ကျန်းမာရေး၊ ပညာရေးနဲ့ လယ်ယာစိုက်ပျိုးရေးတွေအတွက် အကူအညီတွေပဲ ဖြစ်ပါတယ်။ အဲဒီကဏ္ဍတွေအတွက် ငွေကို မသုံးဘဲ တလွဲတွင် ဆံပင်ကောင်း နေကြတယ်။...

...ရောဂါအထဆုံး ကိစ္စကတော့ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေးပါ။ မြန်မာပြည်မှာ နျူကလီးယား စွမ်းအင်သုံးဖို့ အရေးတကြီး လိုနေသလားလို့ စောကြောစရာ ရှိလာတယ်။...စွမ်းအင်အတွက် မြန်မာပြည်သားတွေ ပူစရာ မလိုပါ။ ဒါပေမဲ့ ကိုယ့်တိုင်းပြည်ကနေ သဘာဝအရင်းအမြစ်ကို နိုင်ငံသားတွေ သုံးစွဲခွင့် မရတာကတော့ အတော် ရင်နာစရာ ကောင်းပါတယ်။...

...နျူကလီးယားရောဂါ အရူးထတာကြောင့် စစ်ဗိုလ်အများအပြားကို ရုရှားဆီ ပညာသင်လွှတ်တယ်။ ငွေအမြောက်အမြား သုံးစွဲရတယ်။...တချိန်ထဲမှာပဲ ပြည်သူတွေကတော့ ပါးစပ်ဟောင်းလောင်းနဲ့ ငတ်နေရပါတယ်။...

...ကလေးငယ်အများစု ပါဝင်တဲ့ အငတ်ဘေးနဲ့ သေဆုံးခဲ့သူ မြောက်ကိုရီးယား နိုင်ငံသားတွေ သန်းနဲ့ချီပြီး ရှိခဲ့တာကို ကျနော်တို့ မမေ့သင့်။ ရိုးရိုးနဲ့ လွယ်လွယ်ပြောရရင် အနုမြူထိပ်ဖူးတပ် ဒုံးကျည်ဟာ ကိုက်စားလို့ မရပါ။ အနုမြူထိပ်ဖူးတပ် ဒုံးကျည် အလုံးတထောင် ပိုင်ပြီး တိုင်းသူပြည်သားတွေက ငတ်နေတယ်၊ မွဲနေတယ်၊ ပညာမတတ်၊ နိုင်ငံတကာအလယ်မှာလည်း မဝင်ဆန့်လို့ ဆိုပါရင်...

...နိဂုံးချုပ်ရရင် ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ ကျင်းပဖြစ်လို့ အစိုးရသစ်၊ ပါလီမန်သစ်တွေ ရှိလာတဲ့တိုင် အခွင့်အရေး မှန်သမျှကို စစ်တပ်နဲ့ သူတို့နောက်မြီးဆွဲတွေက ဖားလာလည်း သိမ်း၊ ငါးလာလည်း သိမ်း၊ အကုန်လုံး သူတို့ အိတ်ထဲ ထည့်နေသရွေ့ တိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မှာ မဟုတ်...

Referred Article: မဇ္ဈိမ၊ ဇော်မင်း
နှစ်ခါသုံးခါ အလိမ်ခံရမှတော့ ကိုယ့်အပြစ်ပေါ့

Unhealthy Cooking Oil in Myanmar

...ကျန်းမာရေးဝန်ကြီးဌာနမှ စားသုံးရန်မသင့်ဟုဆိုကာ ပိတ်ပင်ထားသည့် စားဆီ (၄) မျိုးအနက် ကျောက်ပုစွန်တကောင်တံဆိပ် စားဆီများကို မြန်မာကုန်သည်များက နေ့စဉ်တန်ချိန် ထောင်ချီ၍ မဲဆောက်မြဝတီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောမှတဆင့် တရားမဝင် ပြန်လည်တင်သွင်း...

...ထိုင်း ဆီတင်ပို့သည့် လုပ်ငန်းခွင်မှ မြန်မာအလုပ်သမားတဦးက “ဆီကတော့ အရင်ရော၊ အခုရော ပို့တာကတော့ ဒီဆီပါပဲ။ မြန်မာဘက်က ကုန်သည်တွေရဲ့ လိုအပ်ချက်အရ ဆီပုံးမှာ တံဆိပ်တွေအမျိုးမျိုး ပြောင်းတပ်ပေးရတာတွေတော့ ရှိတယ်”...

...ပိတ်ပင်ထားသည့်ဆီများကို စားသုံးမိပါက အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်း၊ ကင်ဆာရောဂါဖြစ်စေခြင်းနှင့် မျိုးရိုးဗီဇ ထိခိုက်စေခြင်းတို့ကို ဖြစ်ပေါ်စေသည်ဟု မြန်မာကျန်းမာရေးဝန်ကြီးဌာနက ရေးသားဖော်ပြထား...

Referred Article: ခေတ်ပြိုင် ဂျာနယ်၊ ရဲရင့်
'ပိတ်ပင်ထားသည့် စားသုံးဆီများ မြန်မာပြည်တွင်း ပြန်လည်တင်သွင်း'

Nowadays Myanmar with Fortune Teller

...“အနိမ့်ဆုံးအဆင့်ကနေ အမြင့်ဆုံးအဆင့်အထိက ဗေဒင်၊ ယတြာနဲ့သွားနေကြတာပဲ။ တိုင်းပြည်အုပ်ချုပ်တာတောင် လောကီပညာနဲ့ အုပ်ချုပ်နေတာကိုး”ဟု စာရေးဆရာက ဆို...

...ယင်းကဲ့သို့ ဗေဒင်၊ ယတြာယုံကြည်ကြသည်ဆိုရာတွင် လူတို့၏ ကံ၊ ဉာဏ်၊ ဝီရိယတွင် ဉာဏ်နှင့် ဝီရိယ ဘက်က ပိတ် နေသောကြောင့် ကံကိုပဲအားကိုလာကာ အဆိုပါ ဗေဒင်၊ ယတြာများကို ယုံကြည်လာကြခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံ ရောက် ဦးပဉ္ဇင်းတပါးက မိန့်ဆိုသည်။

“ဉာဏ်နဲ့ကြိုးစားမယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းကြိုးစားခွင့်မရှိဘူး၊ ဝီရိယနဲ့ကြိုးစားမယ်ဆိုရင်လည်း ချမ်းသာခွင့် မရှိတော့ လူရဲ့ပွင့်နေတဲ့ ကံတခုကိုပဲ အားကိုတဲ့အခါမှာ ဗေဒင်ဆရာတွေက ပြောတဲ့အတိုင်းပဲ ထီပေါက်နိုးနိုး၊ ဟိုက ဒီက ရနိုးနိုးနဲ့ ဖြစ်နေကြတာပါ”ဟု ယင်း ဦးဉ္ဇင်းက မိန့်သည်။

အကယ်၍ ဉာဏ်နှင့် ၀ီရိယပွင့်ပြီး ကိုယ့်အားကိုယ်ကိုး၍ အလုပ်လုပ်တိုင်းအဆင်ပြေနေမည်ဆိုလျှင် ဗေဒင် တွက်ချိန် ရမည် မဟုတ်ကြောင်း၊ အဓိကမှာ အလုပ်အကိုင် ခက်ခဲသည့်ပြဿနာကြောင့်ဖြစ်သည်ဟု အဆိုပါ ဦးပဉ္ဇင်းက သုံးသပ်...

Referred Article: ဧရာဝတီ၊ သဲသဲ
'ဗေဒင် ယတြာ အားကိုးမှု ပိုတိုးလာနေ'

FDA Announced 7 brands of consumable cooking oil

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စားသုံးရန်မသင့်ဟု ကြေညာထားသည့် နယ်စပ်သွင်းစားဆီ (၇) မျိုးကို မြန်မာနိုင်ငံဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) မှ စားသုံးရန်သင့်လျော်ကြောင်း အဖြေပေးလိုက်.....

(အက်ဖ်ဒီအေ) က ဇူလိုင် (၂၅) တွင် ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ တင်သွင်းသည့် စားဆီ (၄) မျိုးကို စားသုံးရန်မသင့်ကြောင်း.....

အဆိုပါ (၄) မျိုးမှာ (၁၈) လီတာဝင် အဝါရောင်ပလတ်စတစ်ပုံးများဖြင့် ထည့်ထားသည့် ကျောက်ပုဇွန်နှစ်ကောင် (Star Oil ကြယ်နီပုံ)၊ ကျောက်ပုဇွန်တစ်ကောင် အမှတ်တံဆိပ်၊ ရေနဂါး (Twin Sea Horse အမှတ်တံဆိပ်) နှင့် ငါးကြော်အမှတ်တံဆိပ် (Pamola Brand) တို့ ဖြစ်.....

ကြေညာဖမ်းဆီးခဲ့သည့် စားဆီ (၁၁) မျိုးမှာ အဆိုပါ ဆီ (၄) မျိုးအပြင် ထိုင်းနိုင်ငံသွင်း ပုဇွန်တစ်ကောင်၊ ပုဇွန်နှစ်ကောင်၊ တံငါတံဆိပ်၊ SAKURA ၊ Golding Oil ၊ ကဏန်းတံဆိပ်၊ ကြယ်စိမ်းတံဆိပ်တို့ဖြစ်...

Referred Article: ခေတ်ပြိုင်၊ NEJ
'စည်ပင်ပိတ်ထားသည့် နယ်စပ်သွင်းစားဆီ (၇) မျိုး စားသုံးရန်သင့်ကြောင်း အက်ဖ်ဒီအေကြေညာ'

Myanmar 500 Kyats Counterfeit Banknotes

ဗဟိုဘဏ်၏ ညွှန်ကြားချက်ပါစာအရ ၅၀၀ တန်ငွေစက္ကူအတုသည်

(၁) ဖယောင်းစက္ကူကဲ့သို့ သိသာစွာ ပြောင်ချောနေခြင်း

(၂) လုံခြုံရေးကြိုး လုံးဝမပါရှိခြင်း

(
၃) ငွေစက္ကူ၏ မျက်နှာတဖက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်စာသား ပါရှိသည့် အပေါ်ဖက် ထိပ်ပိုင်းအရောင်ပေါ်လွင်မှုတွင် ခရမ်းရောင်မှာ အနီရောင်ဖက် သမ်းသည့်အရောင် ပေါ်လွင်မှုရှိခြင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် စာသား၏ အောက်ဖက်အရောင် ပေါ်လွင်မှု၌ အနီရောင်ဖက် ပိုမိုပေါ်လွင်ခြင်း

(၄) ငွေစက္ကူနံပါတ်ရိုက်နှိပ်မှု၌ နံပါတ်စာလုံးများမှာ အနည်းငယ် "ပွိုင့်" သေးငယ်ခြင်း၊ အနီရောင် တောက်ပမှု နည်းခြင်း

(၅) ငွေစက္ကူ၏ ရှေ့နောက် မျက်နှာပြင် နှစ်ဖက်စလုံးကို ခြုံငုံ၍ ကြည့်ပါက ငွေစက္ကူစာရွက် အရောင်အသွေးမှာ အ၀ါရောင်သမ်းနေခြင်း

(၆) ငွေစက္ကူအပေါ်၌ မည်သည့်ဖောင်းကြွမှ မပါရှိခြင်း

(၇) ငွေစက္ကူမျက်နှာစာ ယာဘက်ရှိ ခြင်္သေ့ဦးခေါင်းရေ စာအောက်၌ ဖော်ပြထားသော (၅၀၀) တန်စာလုံး၏ (သုံည) စာလုံးများမှာ အနည်းငယ် သေးငယ်ခြင်း

(၈) နံပါတ်တူ ဘလောက်ပုံနှိပ် ထုတ်လုပ်ထားခြင်း...

Referred Article: မဇ္ဈိမ၊
၅၀၀ တန် ငွေစက္ကူ အတုများနှင့် ပတ်သက်၍ ဗဟိုဘဏ် ညွှန်ကြား