ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ။ Thank you all to support our Little Myanmar.. Enjoy staying with us.. See you again!

Myanmar Latest News Headlines

VOA News: Burma

Showing posts with label Myanmar Jokes. Show all posts
Showing posts with label Myanmar Jokes. Show all posts

Friday, August 21, 2009

º Tourists in Myanmar

Foreigners in Myanmar

မြန်မာလူမျိုး တော်တော်များများဟာ အင်္ဂလိပ်စာကို အကျွမ်းကြီး မဟုတ်တောင် နဲနဲပါးပါးတော့ ပြောနိုင်ဆိုနိုင်ကြပါတယ်။ ဆိုက်ကားသမား Taxi သမားကအစ၊ မြင်းလှည်းသမား အဆုံး နဲနဲပါးပါးတော့ ပြောတက်ကြပါတယ်။ ဒါပေမယ့်လည်း လူတိုင်းသတိထားရမှာက နိုင်ငံခြားသားတိုင်း အင်္ဂလိပ်စာမတက်ဖူးဆိုတာပဲ။ ပြင်သစ် တော်တော်များများ အင်္ဂလိပ်စာဘက်မှာ အားနည်းပါတယ်။ ဒီအဖြစ်အပျက်ကလေးကတော့ Taxi သမားတစ်ယောက်ကြုံခဲ့ရတဲ့ဟာလေးပေါ့။

(1)
တစ်ခါကနိုင်ငံခြားသားတစ်ယောက် (ပြင်သစ်လူမျိုး) ကားငှားတယ်... Taxi သမားက မေးလိုက်တယ်... သူတက်သမျှ မှတ်သမျှလေးနဲ့ပေါ့...

"Where u go?"

"Reclining Buddha." (လျောင်းတော်မူဘုရား)

ပြင်သစ်လူမျိုးက Buddha "ဗုဒ္ဓ" ကို "ဘုတ" ဆိုပြီး ပြောလိုက်တော့… ကားသမားက

"Yes. Yes. 1500 kyats."

"Ok." ဆိုပြီးထွက်သွားကြရော…. မိနစ် ၂၀ လောက်နေတော့ ရှူးရှူးရှဲရှဲနဲ့ပြန်ရောက်လာတယ်…

ဘာဖြစ်လို့လဲ မေးကြည့်တော့… ပြင်သစ်လူမျိုးက သူဘုရားသွားချင်တာကို သူ့ကို တစ်ခြားနေရာခေါ်သွားတယ်တဲ့… ဒါနဲ့ချစ်ပါတယ်လဲဘယ်ရမလဲ

ကားသမားကိုဖြဲတာပေါ့......(ပါးစပ်)

ခင်ဗျားကဘယ်ကိုခေါ်သွားတာလဲဆိုတော့…

ရန်ကုန်ဘူတာကြီးကိုတဲ့ သူပြောတယ်။ ဘူတာ ဘူတာ နဲ့ဆိုလို့ ရန်ကုန်ဘူတာကြီးကိုခေါ်သွားလိုက်တာလေတဲ့….

ကောင်းပါလေ့… ကောင်းပါလေ့.… လို့ပဲ ပြောလိုက်ရတော့တယ်….


(2)
တစ်ခါက ကားသမားတစ်ယောက်ကလဲ ခရီးစဉ်ထွက်သွားတယ်… နိုင်ငံခြားသားတွေနဲ့ပဲ…. ကလော၊ အင်းလေး၊ တောင်ကြီး၊ မန္တလေး အစုံပေါ့... ကလောရောက်တော့ နှစ်ညအိပ်တယ်...

နောက်တစ်နေ့မနက်စထွက်မယ်ဆိုတော့ မနက်အစောကြီး အရမ်းအေးပြီး ကားက နှိုးလို့မရဘူး… သွားတဲ့အချိန်ကလဲ ဒီဇင်ဘာလကြီးဆိုတော့ အေးလိုက်တာမှာ ခိုက်ခိုက်ကိုတုန်နေတာပဲ…

ဒါပေမယ့်ကားသမားကတော့ သူ့ကားနှိုးလို့မရလို့ ချွေးတွေပြန်ပြီး ဒေါသတွေထွက်နေပြီ နိုင်ငံခြားသားတွေကလဲ ဘာဖြစ်တာလဲ... ကားကတစ်လမ်းလုံးကောင်းနေပြီးတော့ အခုမှဘာဖြစ်တာလဲဆိုပြီး ပွစိ ပွစိနဲ့ပေါ့…

ဒါနဲ့ကြံရာမရတဲ့အဆုံး ကားသမားက ဟိုတယ်ကနေ မီးတုတ်တစ်ခုတောင်းလိုက်တယ်…. နောက်ပြီးကားအောက်ထဲကို ဖင်ဘူးတောင်းထောင် အောင်ကုန်းပြီး ကားအင်ဂျင်ကို အပူပေးတော့တာပဲ… Heat တိုက်တယ်လို့လဲခေါ်တယ်လေ…

အဲဒီမှာတင် နိုင်ငံခြားသားတွေအကုန်လုံး ပြူးပြူးပျာပျာ တွေဖြစ်ကုန်ပြီး ကားနားလေးကနေ ဝုန်းကနဲ ကိုထွက်ပြေးကုန်ကြတယ်… ပြီးတော့ အနားလဲမကပ်ရဲ… ကားသမားကလဲ အားရပါးရကို မီးတုတ်ကြီးနဲ့ ဖင်ကြီးကုန်းပြီး Heat တိုက်လို့ကောင်းတုန်း… အင်ဂျင်ပူလောက်ပြီထင်မှ ကားအောက်ကနေထွက်လာတယ်…

အဲဒီမှာတင် ခေါင်းဆောင် နိုင်ငံခြားသားက မေးလိုက်တယ်…
"Are u crazy?"
အာ ယူ ကလေးစီး… တဲ့....

ကားသမားလဲ နဂိုကမှ ကားစက်မနိုးလို့ဒေါသထွက်နေရတဲ့အထဲ အခုလို လာပွားတော့ တင်းသွားပြီး

"This is not ကလေးစီး. This is လူကြီးစီး..." ဆိုပြီးတော့ ပြောလဲပြော ကားပေါ်လဲတက်ပြီး စက်နှိုးလိုက်တာ ဝူးကနဲ နိုးသွားပြီး လိုရာခရီးကို ဆက်သွား ခဲ့ရတယ်လေ….

အဲဒီမှာတင်နိုင်ငံခြားသားတွေက မီးတုတ်ကြီးတွေမြင်တိုင်း လူကြီးစီး၊ လူကြီးစီး… ဆိုပြီးထအော်တော့တာပဲ….


(3)
ပုဂံက အမှတ်တရလက်ဆောင် ရောင်းတဲ့မိန်းမကြီးကလဲ အင်္ဂလိပ်စကားကို အရမ်းပြောတက်ချင်တာ… တိုးရစ်ဂိုက်တွေလာရင် သူတို့ပြောတာကြည့်ပြီး အရမ်းကိုပြောတက်ချင်တာပေါ့.. ခင်တဲ့ ဂိုက်တွေကလဲ သင်ပေးတယ်… အားလဲပေးတယ် ပြောသာပြောအစ်မ မကြောက်နဲ့ မှားသွားရင်လဲ ရှက်စရာမလိုဘူး သူတို့လဲ ဒီလိုနဲ့ပဲ စခဲ့တာပဲ ဘာညာပေါ့နော်... အဲဒီမှာတင်အားတွေရှိပြီးပြောချင်နေတော့တာပဲ…

ဒီလိုနဲ့ပဲ ခရီးသွားအဖွဲ့တစ်ခု သူ့ဆိုင်ကို ဝင်လာတယ်…. ခေါင်းဆောင်ဂိုက်ကလဲ သူနဲ့ခင်နေတော့ အစ်မပြော မကြောက်နဲ့ ဆိုပြီး သင်ပေးတယ် ပြောခိုင်းတယ်….

အဲဒီမှာ နိုင်ငံခြားသားတစ်ယောက်က ဘီလူးရုပ်ကလေးတစ်ခုကိုမေးလိုက်တယ်…..

"How much is it?" (ဘယ်လောက်လဲ)

"It is 80$." ဒေါ်လာရှစ်ဆယ်ကျပါတယ်ပေါ့… အဲဒီအထိဟုတ်နေတုန်းပဲ… နိုင်ငံခြားသား ဆက်ပြောလိုက်တာက…

"Oh! Very Expensive..."

အစ်မကြီးက.. အင်္ဂလိပ်စကားလဲပြောချင် သူ့အရုပ်လေးမရောင်းရမှာကို စိုးရိမ်ပြီးတော့ ပြောလိုက်တာက…

"မ Expensive ဖူးလေ… very cheap တယ်လေ… If you like I လျှော့ပေးမယ်လေ.." တဲ့…
ဂိုက်အစ်ကိုကြီးတောင် ပါးစပ်အဟောင်းသားဖြစ်သွားတယ်….


(4)
တစ်ခါက အဲဒီအစ်မကြီးကိုပဲ နိုင်ငံခြားသားတစ်ယောက်က အိမ်သာတက်ချင်လို့မေးတယ်…

"Where is toilet?" ဆိုတော့…

အိမ်သာကတည့်တည့်သွားလို့မရဘူး… ခြံရဲ့အစွန်မှာ… လမ်းမှာ နှစ်ခါလောက်ကွေ့ရမှာ… အဲဒါနဲ့အစ်မကြီးပြောလိုက်တာက…

"This way… you go. You go and ကွေ့ ကွေ့ go" ဆိုပြီး လက်ဟန်ခြေဟန်နဲ့ပြလိုက်တာ နိုင်ငံခြားသားလဲ အိမ်သာကိုတန်းရောက်သွားတယ်တဲ့…သြော်..... သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲလို့…..

Monday, January 12, 2009

Monday, January 5, 2009

Tuesday, December 16, 2008

º MRTV means


Myanmar Radio and Television (MRTV)

- နိုင်ငံတကာသတင်းဆိုသည်မှာ China Central Television (CCTV) ကိုဆိုလိုခြင်းဖြစ်သည်။

- အခြားနိုင်ငံမှ မိမိထံလာပါက "ဂါဝရပြုတွေ့ဆုံ"ရန်လာခြင်းဖြစ်ပြီး၊ မိမိကသွားရသူဖြစ်ပါက "သွားရောက်တွေ့ဆုံ" ဟုသုံးစွဲရသည်။

- သတင်းကြော်ငြာနေစဉ် နောက်မှလူတစ်ယောက်စ နှစ်ယောက်စ မှအလုပ်ရှုပ်ဟန်ဆောင်ပြရသည်။ (ဥပမာ ကျောပေး၍တောင်ခြစ် မြောက်ခြစ်လုပ်နေရန်)

- နိုင်ငံခြားဇာတ်လမ်းဆိုသည်မှာ "တရုတ်" သို့မဟုတ် "ကိုရီးယား" ဇာတ်လမ်းများကို ဆိုလိုခြင်းဖြစ်သည်။

- နိုင်ငံတော်အကြီးအကဲများသည် "လိုအပ်သည်များကိုဖြည့်စွက် မှာကြား၍ပြန်လည်ထွက်ခွာ" သွားသူများသာဖြစ်ကြသည်။

- ပြည်သူလူထုဆိုသည်မှာ "အဖြူနှင့်အစိမ်း" သို့မဟုတ် "အဝါရောင်ဝမ်းဆက်" သို့မဟုတ် "အပြာရောင်ဝမ်းဆက်" များသာ ဝတ်ဆင်ကြသည်။

- မြန်မာနိုင်ငံတော်သည် ကြီးမားလွန်းသဖြင့် နေ့မအားညမနား အနှစ်နှစ်ဆယ်နီးပါး တည်ဆောက်သော်လည်း လမ်း၊တံတားများ ဆောက်၍မကုန်နိုင်။

- နိုင်ငံတော်၏အသုံးစရိတ် နှင့်ရသုံးမှန်းခြေငွေစာရင်း သည်ပြည်သူများအားထုတ်ပြန်ရန်မလိုအပ်ချေ။ (ဝါ) အသိပေးရန်မလိုအပ်။

- ယင်းသို့မထုတ်ပြန်သော်လည်း လမ်း၊တံတား၊ဆည်မြောင်း များဆောက်လုပ်ရာတွင်နိုင်ငံတော်မှစေတနာဖြင့်အကုန်အကျခံပေးနေရသည်။

- စစ်သားများပင်ဖြစ်လင့်ကစား နိုင်ငံတော်အကြီးအကဲများ သည် လယ်ယာလုပ်ငန်းမှအစ ပိဋိကတ်သုံးပုံ အဆုံး ကျွမ်းကျင်နှံ့စပ်ကြရာ ဝိနည်းတော်နှင့်အညီ နေထိုင်နိုင်ရန် ရဟန်းများအားညွှန်ကြားနိုင်သည်။

- မည်သည့်အခါမှ အစိုးရနှင့်ပြည်သူ သဘောထားကွဲလွဲမှုများမရှိသော်လည်း "ပြည်ပအားကိုးပုဆိန်ရိုး"ဆိုသည့်လူနည်းစု အတွက် မြန်မာ့အသံမှ "စစ်မှန်သောမျိုးချစ်စိတ်ဓာတ်" ဆိုသည့်ဖွင့်ဆိုချက်ကို လွှင့်ထုတ်ပေးနေရသည်။

- နိုင်ငံတော်အကြီးအကဲများ ဘုရားကျောင်းကန်တက်ခြင်းသည် သတင်းထူးဖြစ်သည်။

- ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမ များသည် ပညာရေး၏အရေးပါပုံကို မသိကြချေ။ နိုင်ငံတော်အကြီးအကဲများက ရံခါမလပ် ပညာရေးသည်အရေးကြီးသည်ဟု မှာကြားရသည် ဟူ၏။

- အမြဲကြားရလေ့ရှိသည့်စကားလုံးများ "ဖွံ့ဖြိုးတိုးတက်လာခြင်း နှင့် အချိန်နှင့်တပြေးညီဆောင်ရွက်ခြင်း"

- အမြဲ မကြားရ သောစကားလုံးများ" စီးပွားရေးကျဆင်းခြင်း ၊ နှောင့်နှေးကြန့်ကြာ သွားခြင်း"

- မေးခွန်းနှင့်အဖြေ မှန်အောင်မဖြေ နိုင်ပါက ပြန်ကြားရေး ဝန်ကြီး ဖြစ်နိုင်သည်။ (မှတ်ချက်။ ဥပဓိ ကောင်းရန်မလို။)


Source: Unknown

Wednesday, June 18, 2008

Monday, June 16, 2008

Friday, June 13, 2008

Wednesday, June 11, 2008

Wednesday, April 23, 2008

Friday, April 4, 2008

Wednesday, March 26, 2008

Asia > South East Asia > Union of Myanmar United Nations ASEAN
Brunei Cambodia Indonesia Laos Malaysia
Myanmar Philippines Singapore Thailand Vietnam

NOAA Expect La Niña in Myanmar

.....အမေရိကန် အမျိုးသား သမုဒ္ဒရာ နှင့် လေထု စီမံရေးရာဌာန(NOAA) ၏ သုတေသနပြု စစ်တမ်းများအရ လာနီညာကြောင့် လာမည့် လများ၌ အရှေ့တောင်အာရှဒေသတွင် ပုံမှန်ထက် ပိုမိုအေးမြသည့် ရာသီဥတုနှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး မိုးများခြင်း၊ မြစ်ရေကြီးခြင်း၊ မြေပြိုခြင်းများ ကြုံတွေ့ရနိုင်သည်ဟု ဆိုသည်။

၂၀၁၀-၁၁ ခုနှစ်တွင် ဖြစ်ပေါ်မည့် လာနီညာရာသီဥတုကြောင့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ် စသောမြစ်များ စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ရေကြီးနိုင်ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ မန္တလေးတိုင်း (မိုးကုတ်မြို့နယ်)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် မြေပြိုမှုများကို သတိရှိရန် လိုအပ်ကြောင်း ဒေါက်တာထွန်းလွင်က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ မိုးလွန်ကာလ အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် မုန်တိုင်းအန္တရာယ်ကိုလည်း သတိပေး ပြောကြားသွားသည်။

Referred Article: ဧရာဝတီ၊ ဟိန်းဇော်
လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်

Main Cause of Supreme Heat on Myanmar

စစ်အစိုးရ လက်ထက်တွင် ၀ိသမ လောဘသားများသည် အာဏာပိုင်တို့နှင့် ပူးပေါင်းကာ သဘာဝရင်းမြစ် သစ်တောကြီးများကို ဖျက်ဆီးပြီး၊ နိုင်ငံခြား တိုင်းပြည်များသို့ မိမိတို့ ကိုယ်ကျိုး စီးပွားအတွက် တရားမ၀င် ရောင်းစားလျက် ရှိရာ ယခု အခါ ရခိုင်ရိုးမနှင့် ပဲခူးရိုးမတို့ မှာ သစ်ပင်များ ပြောင်သလင်းခါ နေရလေပြီ။...

...သစ်တော ပြုန်းတီးမှုကြောင့် အပူလွန်ကဲကာ မြေဆီ သြဇာ ဆုတ်ယုတ် ပျက်စီးပြီး စပါးအထွက်နှုန်း ကျဆင်းနေသလို ငရုတ်၊ ခရမ်း၊ ပဲ၊ ပြောင်း စသည့် ကောက်ပဲသီးနှံများလည်း ဖြစ်ထွန်းမှု မရှိတော့သဖြင့် ဒေသခံများ ဆင်းရဲ ကျပ်တည်းမှုနှင့် ရင်ဆိုင် နေကြရသည်။...

Referred Article: Arakan Review ၊ ခိုင်မင်းစံ (ဒွါရာဝတီ)
ရခိုင်ပြည်နယ်၏ သစ်မှောင်ခိုလုပ်ငန်း

Drought Affects Entire Myanmar

... အခြားသောနိုင်ငံများနှင့်ယှဉ်လျှင် မြန်မာနိုင်ငံတွင် စက်ရုံကြီးများ အနည်းငယ်သာရှိသော်လည်း နအဖကသစ်များကိုခုတ်၍ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချပြီး ကိုယ်ကျိုးစီးပွါးအတွက် သုံးစွဲလွန်း...

“သစ်တောတွေခုတ်တာ ၂-နှစ် ၃-နှစ် မကတော့ဘူး။ ဆယ်စုနှစ်လောက်ရှိပြီ။ နအဖက ဒီလိုသာဆက်ပြီး ခုတ်နေမည် ဆိုရင် မြန်မာတစ်နိုင်ငံလုံး သစ်တောတွေ ပြုန်းတီး ရာသီဥတုဖောက်ပြန်ပြီး မိုးခေါင်ရေရှားတဲ့ ပြဿနာပိုကြုံရဖွယ်ရှိတယ်”...

Referred Article: Burmese News International ၊ သျှမ်းသံတော်ဆင့်သတင်း
ရာသီဥတုဖောက်ပြန် အင်းလေးကန်ကြီးမကြုံစဖူး သိသိသာသာခန်းခြောက်

Unsafe New Buildings in Yangon

...ရန်ကုန်တွင် မကြာသေးမီ နှစ်များ အတွင်း ဆောက်လုပ် ခဲ့သည့် အထပ် မြင့်တိုက် အများအပြားသည် ငလျင် လှုပ်သည့်အခါ ပြိုကျနိုင်ဖွယ် ရှိကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနတွင် တာဝန် ထမ်းဆောင်ခဲ့သည့် အင်ဂျင်နီယာ တဦးက ပြောသည်။

“တိုက်ဆောက်ရင် အရည်အသွေး စစ်ဆေးတဲ့ အပိုင်းကို အစိုးရက ဖိဖိစီးစီး မလုပ်နိုင်ဘူး။ ကန်ထရိုက် တွေကလည်း အရည်အသွေးပိုင်း စစ်ဆေးတဲ့ စည်ပင် အရာရှိတွေကို လာဘ်ထိုးပြီး စိတ်ကြိုက် ကုန်ကျစရိတ် လျှော့ဆောက်တာ ဖြစ်တဲ့ အတွက် အရမ်းကို အန္တရာယ် ကြီးပါတယ်” ဟု သူက ရှင်းပြသည်။

အသုံးပြုသော ဘိလပ်မြေ၊ သံချောင်းများမှာ သတ်မှတ်ထားသည့် စံ၊ အရည်အသွေး မရှိသောကြောင့် အန္တရာယ်ကြီးသည့် အဆောက်အအုံများဖြစ်သည်ဟု ထိုအင်ဂျင်နီယာက ပြောသည်။

Referred Article: ဧရာဝတီ၊
ရန်ကုန်မြို့လယ်တွင် တိုက်ပြိုကျ၊ တဦး သေဆုံး

84 model & Below Cars To Expel soon From Yangon

ရန်ကုန်တွင် မောင်းနှင်နေသော ၁၉၈၄ မော်ဒယ်နှင့် ၎င်းအရင် ကားများကို ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှ စတင်၍ နယ်မြို့များတွင်သာ မောင်းနှင်ခွင့် ပြုတော့မည်ဟု ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ထိပ်တန်း အရာရှိကြီးတဦးက ပြောသည်။...

...''လူတွေ အထင်မှားနိုင်တာက မော်ဒယ်တွေ အနိမ့်ဆိုရင် နံပါတ်အနိမ့်တွေ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ တွေးမိပြီး မှားနိုင်တယ်။ ၁၉၈၄ မော်ဒယ် အောက်ကိုပဲ နယ်တွေအတွက် အသုံးပြုရမှာ'' ဟု (ကညန) အရာရှိကြီးက ဆိုသည်။

Referred Article: မဇ္ဈိမ၊ မင်းသက်
မော်ဒယ်နိမ့် ကားများ နယ်နှင်မည်

Suicides in Myanmar

...“စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲဆိုတာ လူတိုင်း ဘဝတသက်တာမှာ တခါလောက်တော့ ကြုံတယ်၊ ကိုယ့်ကိုယ်ကိုယ် မသိကြလို့သာ။ အဲဒီလို တသက်မှာ တခါလောက်ကြုံတတ်တဲ့ စိတ်ဓာတ် အပြောင်းအလဲကို မကျော်လွှားနိုင်ရင် ထွက်ပေါက် ရှာကြတာပေါ့။ စိတ်ဓာတ် မခိုင်မာတဲ့သူတွေ လုပ်လေ့ရှိကြတာပါ” ဟု ရန်ကုန်မှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ မျိုးအောင်က ရှင်းပြသည်။

ပဋိပက္ခကိုဖြစ်စေသောစိတ်၊ အပြောင်းအလဲ လက်မခံလိုသည့်စိတ်၊ ဖိအားပေးခံနေရသောစိတ်၊ လိုအင်ဆန္ဒ မပြည့်သောစိတ်နှင့် ငြီးငွေ့သော စိတ်တို့က သေကြောင်းကြံစည်ရန် တွန်းအားပေးသော အကြောင်းရင်းများ ဖြစ်ကြောင်း အဆိုပါ ဆရာဝန်က ပြောသည်။...

...“စိတ်ဖိစီးမှုဆိုတာ လူတိုင်းမှာ ရှိတယ်။ ကိုယ့်အသက်ကို ရန်ရှာတဲ့ အခြေအနေမျိုးအထိ စိတ်ဖိစီးမှုမဖြစ်အောင် သတိထားပြီး နေထိုင်ရတယ်။ နောက်တခုက ဖြစ်လာပြီဆိုရင်လည်း အကောင်းဆုံးဖြစ်အောင် ဖြေရှင်းပြီး စိတ်သက်သာမှု ရအောင် ဖန်တီး နေရမယ်။ တရားထိုင်တာ၊ လေ့ကျင့်ခန်း လုပ်တာတွေကတော့ အကောင်းဆုံးပဲ။ ပတ်ဝန်းကျင်မှာလည်း စိတ်ကျတဲ့ သူတွေကို တွေ့ရင်၊ မိသားစုဝင်တွေကို ဆရာဝန်နဲ့ တွေ့ဖို့အတွက် အကြံပေးသင့်တယ်” ဟု ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနမှ ပါမောက္ခ တဦးက ပြောဆိုသည်။...

Referred Article: ဧရာဝတီ၊ ကြည်ဝေ
ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သူ များပြားလာ

Myanmar Election 2010

...မြန်မာပြည်မှာ တိုက်လေယာဉ်က ပြည်သူပြည်သားတွေထက် အရေးကြီးနေပုံရတယ်။ မြန်မာပြည်မှာလည်း ပီရူးနိုင်ငံမှာ ကြုံခဲ့သလို အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ဝေဒနာနဲ့ တိုင်းသူပြည်သားတွေ ရင်ဆိုင်နေရတာက ဆယ်စုနှစ်တခု မကတော့။...

...နောက်တချက်ကလည်း လတ်တလော အဖြစ်အပျက်ကို ပြန်ကြည့်ရင် ၂ဝဝ၈ ခုနှစ်အတွင်း နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူတသိန်းလေးသောင်းနီးပါး သေဆုံးခဲ့ပြီး ရှိသမျှ၊ ပိုင်ဆိုင်သမျှ ပစ္စည်းတွေ ဆုံရှုံးခဲ့ရတဲ့ လယ်သမားတွေ မြစ်ဝကျွန်းပေါ်မှာ သန်းနဲ့ချီပြီး ရှိနေတာပါ။ သူတို့အတွက် စစ်အစိုးရက လောက်လောက်လားလား ကူညီခဲ့ပါသလား။...

...ပြိုင်ကားမောင်းနေရအောင် မြန်မာပြည်ရဲ့ ဓနက အဲသလောက် ပိုလျှံနေလို့လားလို့ မေးစရာ ဖြစ်လာပါတယ်။ ဂေါက်သီးကွင်းသစ်တွေ ဖွင့်လှစ်ပြီး ဂေါက်သီးရိုက်နေတာကိုပဲ လွန်လှပါပြီ။...

...ငွေ အကုန်တကာ့ အကုန်ဆုံး ကိစ္စကြီး ပြန်ကြည့်မယ်ဆိုရင် နေပြည်တော်သစ်ကြီး တည်ဆောက်ခဲ့တာနဲ့ ကာကွယ်ရေးအတွက် မြေအောက်လှိုဏ်ခေါင်းတွေ တူးဖော်ဆောက်လုပ်နေတာတွေ ဖြစ်ပါတယ်။ မြန်မာပြည်သားတွေအတွက် မြို့တော် နောက်ထပ်အသစ်တခု မလိုပါ။ အမှောင်ထဲမှာ ဆင်းနေစရာ မလိုတဲ့အတွက် လှိုဏ်ခေါင်းတွေ၊ ဥမင်တွေလည်း မလိုပါ။ နိုင်ငံသားတွေအတွက် အလွန်လိုအပ်နေတာကတော့ ကျန်းမာရေး၊ ပညာရေးနဲ့ လယ်ယာစိုက်ပျိုးရေးတွေအတွက် အကူအညီတွေပဲ ဖြစ်ပါတယ်။ အဲဒီကဏ္ဍတွေအတွက် ငွေကို မသုံးဘဲ တလွဲတွင် ဆံပင်ကောင်း နေကြတယ်။...

...ရောဂါအထဆုံး ကိစ္စကတော့ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေးပါ။ မြန်မာပြည်မှာ နျူကလီးယား စွမ်းအင်သုံးဖို့ အရေးတကြီး လိုနေသလားလို့ စောကြောစရာ ရှိလာတယ်။...စွမ်းအင်အတွက် မြန်မာပြည်သားတွေ ပူစရာ မလိုပါ။ ဒါပေမဲ့ ကိုယ့်တိုင်းပြည်ကနေ သဘာဝအရင်းအမြစ်ကို နိုင်ငံသားတွေ သုံးစွဲခွင့် မရတာကတော့ အတော် ရင်နာစရာ ကောင်းပါတယ်။...

...နျူကလီးယားရောဂါ အရူးထတာကြောင့် စစ်ဗိုလ်အများအပြားကို ရုရှားဆီ ပညာသင်လွှတ်တယ်။ ငွေအမြောက်အမြား သုံးစွဲရတယ်။...တချိန်ထဲမှာပဲ ပြည်သူတွေကတော့ ပါးစပ်ဟောင်းလောင်းနဲ့ ငတ်နေရပါတယ်။...

...ကလေးငယ်အများစု ပါဝင်တဲ့ အငတ်ဘေးနဲ့ သေဆုံးခဲ့သူ မြောက်ကိုရီးယား နိုင်ငံသားတွေ သန်းနဲ့ချီပြီး ရှိခဲ့တာကို ကျနော်တို့ မမေ့သင့်။ ရိုးရိုးနဲ့ လွယ်လွယ်ပြောရရင် အနုမြူထိပ်ဖူးတပ် ဒုံးကျည်ဟာ ကိုက်စားလို့ မရပါ။ အနုမြူထိပ်ဖူးတပ် ဒုံးကျည် အလုံးတထောင် ပိုင်ပြီး တိုင်းသူပြည်သားတွေက ငတ်နေတယ်၊ မွဲနေတယ်၊ ပညာမတတ်၊ နိုင်ငံတကာအလယ်မှာလည်း မဝင်ဆန့်လို့ ဆိုပါရင်...

...နိဂုံးချုပ်ရရင် ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ ကျင်းပဖြစ်လို့ အစိုးရသစ်၊ ပါလီမန်သစ်တွေ ရှိလာတဲ့တိုင် အခွင့်အရေး မှန်သမျှကို စစ်တပ်နဲ့ သူတို့နောက်မြီးဆွဲတွေက ဖားလာလည်း သိမ်း၊ ငါးလာလည်း သိမ်း၊ အကုန်လုံး သူတို့ အိတ်ထဲ ထည့်နေသရွေ့ တိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မှာ မဟုတ်...

Referred Article: မဇ္ဈိမ၊ ဇော်မင်း
နှစ်ခါသုံးခါ အလိမ်ခံရမှတော့ ကိုယ့်အပြစ်ပေါ့

Unhealthy Cooking Oil in Myanmar

...ကျန်းမာရေးဝန်ကြီးဌာနမှ စားသုံးရန်မသင့်ဟုဆိုကာ ပိတ်ပင်ထားသည့် စားဆီ (၄) မျိုးအနက် ကျောက်ပုစွန်တကောင်တံဆိပ် စားဆီများကို မြန်မာကုန်သည်များက နေ့စဉ်တန်ချိန် ထောင်ချီ၍ မဲဆောက်မြဝတီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောမှတဆင့် တရားမဝင် ပြန်လည်တင်သွင်း...

...ထိုင်း ဆီတင်ပို့သည့် လုပ်ငန်းခွင်မှ မြန်မာအလုပ်သမားတဦးက “ဆီကတော့ အရင်ရော၊ အခုရော ပို့တာကတော့ ဒီဆီပါပဲ။ မြန်မာဘက်က ကုန်သည်တွေရဲ့ လိုအပ်ချက်အရ ဆီပုံးမှာ တံဆိပ်တွေအမျိုးမျိုး ပြောင်းတပ်ပေးရတာတွေတော့ ရှိတယ်”...

...ပိတ်ပင်ထားသည့်ဆီများကို စားသုံးမိပါက အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်း၊ ကင်ဆာရောဂါဖြစ်စေခြင်းနှင့် မျိုးရိုးဗီဇ ထိခိုက်စေခြင်းတို့ကို ဖြစ်ပေါ်စေသည်ဟု မြန်မာကျန်းမာရေးဝန်ကြီးဌာနက ရေးသားဖော်ပြထား...

Referred Article: ခေတ်ပြိုင် ဂျာနယ်၊ ရဲရင့်
'ပိတ်ပင်ထားသည့် စားသုံးဆီများ မြန်မာပြည်တွင်း ပြန်လည်တင်သွင်း'

Nowadays Myanmar with Fortune Teller

...“အနိမ့်ဆုံးအဆင့်ကနေ အမြင့်ဆုံးအဆင့်အထိက ဗေဒင်၊ ယတြာနဲ့သွားနေကြတာပဲ။ တိုင်းပြည်အုပ်ချုပ်တာတောင် လောကီပညာနဲ့ အုပ်ချုပ်နေတာကိုး”ဟု စာရေးဆရာက ဆို...

...ယင်းကဲ့သို့ ဗေဒင်၊ ယတြာယုံကြည်ကြသည်ဆိုရာတွင် လူတို့၏ ကံ၊ ဉာဏ်၊ ဝီရိယတွင် ဉာဏ်နှင့် ဝီရိယ ဘက်က ပိတ် နေသောကြောင့် ကံကိုပဲအားကိုလာကာ အဆိုပါ ဗေဒင်၊ ယတြာများကို ယုံကြည်လာကြခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံ ရောက် ဦးပဉ္ဇင်းတပါးက မိန့်ဆိုသည်။

“ဉာဏ်နဲ့ကြိုးစားမယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းကြိုးစားခွင့်မရှိဘူး၊ ဝီရိယနဲ့ကြိုးစားမယ်ဆိုရင်လည်း ချမ်းသာခွင့် မရှိတော့ လူရဲ့ပွင့်နေတဲ့ ကံတခုကိုပဲ အားကိုတဲ့အခါမှာ ဗေဒင်ဆရာတွေက ပြောတဲ့အတိုင်းပဲ ထီပေါက်နိုးနိုး၊ ဟိုက ဒီက ရနိုးနိုးနဲ့ ဖြစ်နေကြတာပါ”ဟု ယင်း ဦးဉ္ဇင်းက မိန့်သည်။

အကယ်၍ ဉာဏ်နှင့် ၀ီရိယပွင့်ပြီး ကိုယ့်အားကိုယ်ကိုး၍ အလုပ်လုပ်တိုင်းအဆင်ပြေနေမည်ဆိုလျှင် ဗေဒင် တွက်ချိန် ရမည် မဟုတ်ကြောင်း၊ အဓိကမှာ အလုပ်အကိုင် ခက်ခဲသည့်ပြဿနာကြောင့်ဖြစ်သည်ဟု အဆိုပါ ဦးပဉ္ဇင်းက သုံးသပ်...

Referred Article: ဧရာဝတီ၊ သဲသဲ
'ဗေဒင် ယတြာ အားကိုးမှု ပိုတိုးလာနေ'

FDA Announced 7 brands of consumable cooking oil

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စားသုံးရန်မသင့်ဟု ကြေညာထားသည့် နယ်စပ်သွင်းစားဆီ (၇) မျိုးကို မြန်မာနိုင်ငံဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) မှ စားသုံးရန်သင့်လျော်ကြောင်း အဖြေပေးလိုက်.....

(အက်ဖ်ဒီအေ) က ဇူလိုင် (၂၅) တွင် ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ တင်သွင်းသည့် စားဆီ (၄) မျိုးကို စားသုံးရန်မသင့်ကြောင်း.....

အဆိုပါ (၄) မျိုးမှာ (၁၈) လီတာဝင် အဝါရောင်ပလတ်စတစ်ပုံးများဖြင့် ထည့်ထားသည့် ကျောက်ပုဇွန်နှစ်ကောင် (Star Oil ကြယ်နီပုံ)၊ ကျောက်ပုဇွန်တစ်ကောင် အမှတ်တံဆိပ်၊ ရေနဂါး (Twin Sea Horse အမှတ်တံဆိပ်) နှင့် ငါးကြော်အမှတ်တံဆိပ် (Pamola Brand) တို့ ဖြစ်.....

ကြေညာဖမ်းဆီးခဲ့သည့် စားဆီ (၁၁) မျိုးမှာ အဆိုပါ ဆီ (၄) မျိုးအပြင် ထိုင်းနိုင်ငံသွင်း ပုဇွန်တစ်ကောင်၊ ပုဇွန်နှစ်ကောင်၊ တံငါတံဆိပ်၊ SAKURA ၊ Golding Oil ၊ ကဏန်းတံဆိပ်၊ ကြယ်စိမ်းတံဆိပ်တို့ဖြစ်...

Referred Article: ခေတ်ပြိုင်၊ NEJ
'စည်ပင်ပိတ်ထားသည့် နယ်စပ်သွင်းစားဆီ (၇) မျိုး စားသုံးရန်သင့်ကြောင်း အက်ဖ်ဒီအေကြေညာ'

Myanmar 500 Kyats Counterfeit Banknotes

ဗဟိုဘဏ်၏ ညွှန်ကြားချက်ပါစာအရ ၅၀၀ တန်ငွေစက္ကူအတုသည်

(၁) ဖယောင်းစက္ကူကဲ့သို့ သိသာစွာ ပြောင်ချောနေခြင်း

(၂) လုံခြုံရေးကြိုး လုံးဝမပါရှိခြင်း

(
၃) ငွေစက္ကူ၏ မျက်နှာတဖက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်စာသား ပါရှိသည့် အပေါ်ဖက် ထိပ်ပိုင်းအရောင်ပေါ်လွင်မှုတွင် ခရမ်းရောင်မှာ အနီရောင်ဖက် သမ်းသည့်အရောင် ပေါ်လွင်မှုရှိခြင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် စာသား၏ အောက်ဖက်အရောင် ပေါ်လွင်မှု၌ အနီရောင်ဖက် ပိုမိုပေါ်လွင်ခြင်း

(၄) ငွေစက္ကူနံပါတ်ရိုက်နှိပ်မှု၌ နံပါတ်စာလုံးများမှာ အနည်းငယ် "ပွိုင့်" သေးငယ်ခြင်း၊ အနီရောင် တောက်ပမှု နည်းခြင်း

(၅) ငွေစက္ကူ၏ ရှေ့နောက် မျက်နှာပြင် နှစ်ဖက်စလုံးကို ခြုံငုံ၍ ကြည့်ပါက ငွေစက္ကူစာရွက် အရောင်အသွေးမှာ အ၀ါရောင်သမ်းနေခြင်း

(၆) ငွေစက္ကူအပေါ်၌ မည်သည့်ဖောင်းကြွမှ မပါရှိခြင်း

(၇) ငွေစက္ကူမျက်နှာစာ ယာဘက်ရှိ ခြင်္သေ့ဦးခေါင်းရေ စာအောက်၌ ဖော်ပြထားသော (၅၀၀) တန်စာလုံး၏ (သုံည) စာလုံးများမှာ အနည်းငယ် သေးငယ်ခြင်း

(၈) နံပါတ်တူ ဘလောက်ပုံနှိပ် ထုတ်လုပ်ထားခြင်း...

Referred Article: မဇ္ဈိမ၊
၅၀၀ တန် ငွေစက္ကူ အတုများနှင့် ပတ်သက်၍ ဗဟိုဘဏ် ညွှန်ကြား