ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ။ Thank you all to support our Little Myanmar.. Enjoy staying with us.. See you again!

Myanmar Latest News Headlines

VOA News: Burma

Monday, January 19, 2009

º ပြည်သူ့အသက်နဲ့ နန်းဆက်သူ


Friday, 09 January 2009 19:32 သုတေသီတဦး

မြန်မာ စစ်အစိုးရက နက္ခတ်ဗေဒင် ပညာကို ဘယ်လောက်ထိ နိုင်ငံရေးနဲ့ သူတို့ ကုလားထိုင် မြဲဖို့အတွက် အသုံးချ နေခဲ့တယ်၊ ဘယ်လောက် အထိ ဗေဒင် ပညာကို ယုံကြည် နေခဲ့တယ် ဆိုတာကို ကမ္ဘာကသိအောင် တင်ပြထားဖို့တော့ လိုအပ်ပြီလို့ ထင်ပါတယ်။

မြန်မာစစ်အစိုးရက ကမ္ဘာပေါ်မှာ ဘယ်သူကိုမှ ဂရုမစိုက်ပါဘူး။ UN ဆိုတာသူတို့ လက် ခုပ်ထဲကရေ လို့ပဲ သဘောထားတာပါ။



ပြီးတော့ တရုတ်၊ ရုရှားနဲ့ အိန္ဒိယ ဆိုတာတွေကို သူတို့ အားကိုးနေတာ မဟုတ်ပါဘူး။ ဒါဟာ သူတို့ ကစားနေတဲ့ ဖဲသုံးချပ်ပါပဲ။ စစ်အစိုးရက နိုင်ငံရေးလုံခြုံမှုအတွက် အဲဒီ တရုတ်၊ ရုရှား၊ အိန္ဒိယဆိုတဲ့ ဖဲသုံးချပ်နဲ့  ထိန်းညှိထားတာပါ။ ဒီလိုထိန်းညှိ ထားရာမှာလည်း ဗေဒင် ပညာရဲ့ စေစားရာ အချက်အလက်တွေကိုပဲ အသုံးချခဲ့တာပါ။

သူတို့ က ဘယ်လို ကမ္ဘာ့ခေါင်းဆောင်ကိုမဆို၊ အထူးသဖြင့် UN ကပုဂ္ဂိုလ်တွေကိုသူတို့ အတွက် အပေါ်စီးကရရှိနေမယ့် အချိန်အပိုင်းတခု အတွင်းမှာပဲ တွေ့ ခွင့်ပေးကြတာမျိုးပါ။ ဥပမာ - UN က မစ္စတာ အီဗရာဟင် ဂန်ဘာရီပါ။

စစ်အစိုးရခေါင်းဆောင်တွေ့ သူ့ကိုတွေ့ ခွင့်ပြုတဲ့ အချိန်က မစ္စတာဂန်ဘာရီ အတွက် တနေ့ တာမှာ အဆိုးဆုံး ခိုက်နေချိန် ဖြစ်တာမို့ အဲဒီလို သူတို့နဲ့ တွေ့နေချိန်မှာ သူတတ်ထားတဲ့ ပညာတွေ၊ အတွေးခေါ်တွေက အလိုလို ပျောက်သွားစေတာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ လိမ်နေသမျှကို အကြွင်းမဲ့ ယုံကြည်လိုက်ရပြီး ပထမဆုံးတွေ့ ပြီး မြန်ပြည်က ထွက်လာတာနဲ့ ကမ္ဘာ့မီဒီယာတွေကို စစ်အစိုးရ အပြောင်းအလဲ ရှိလိမ့်မယ် ဆိုပြီး မှားယွင်း အချက်ပြ မိတာပါ။ ဒါဟာစစ်အစိုးရရဲ့ ဗေဒင်ကိန်းခန်းက ရလာတဲ့ အချိန်နဲ့နေရာတွေကို ပိုင်ပိုင် နိုင်နိုင် အသုံးချသွားနိုင် လိုက်ခြင်းပဲ ဖြစ်ပါတယ်။

မြန်မာပြည်ထဲကို ဘာလို့  နာဂစ် မုန်းတိုင်ဝင်ရတာလဲ။ ဘာကြောင့် ပြည်သူ့ အသက်ပေါင်း တသိန်းကျော်ကို ဖျက်ဆီးပြီး သန်းချီတဲ့ ပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်သွားကြရပါသလဲ။ ဒါကို ကမ္ဘာမှာ ရှိနေတဲ့ ဒေါက်တာဘွဲ့နဲ့ မာစတာ ဒီဂရီလောက် ကိုင်ထားသူတွေ၊ နိုင်ငံရေးသိပ္ပံယူထားတဲ့ ပညာရှင်တွေ၊ ပါမောက္ခတွေကတော့ သာမန် မုန်တိုင်း ၀င်သွားတာလို့ပဲ မြင်ကြပါလိမ့်မယ်။

သဘာဝဘေးရန်တခု ၀င်လို့ မြန်မာပြည်သူတွေ ခံစားလိုက်ကြရတာပဲလို့ မုန်တိုင်းကိုပဲ အပြစ်မြင်ကြမှာပါ။ တကယ်တော့ ဒီ နာဂစ်မုန်တိုင်းက ဘာလို့  မြန်မာပြည်ကိုပဲ ၀င်သွားရတာလဲ ဆိုတဲ့ အကြောင်းတရား အရင်းခံ တွေကို ဘယ်လိုပညာရှင်တွေကမှ မသိနိုင်ကြပါဘူး။

ပြီးတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပျဉ်းမနား ကြတ်ပြေးကုန်းမှာ နေပြည်တော် အသစ်ကို တည်လို့  ပြောင်းပြေး ခဲ့တာကိုလည်း ကမ္ဘာမှာရှိနေကြတဲ့ ခေါင်းဆောင်တွေနဲ့ ကမ္ဘာ့မီဒီယာတွေ ကတော့ နားမလည်နိုင်စရာ ဒါမှမဟုတ် ရယ်စရာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် စစ်အစိုးရကတော့ အကြောင်းမဲ့ သက်သက် လုပ်ခဲ့တာမျိုး မဟုတ်ပါဘူး။ မြန်မာမင်း အဆက်ဆက်ကို ကြည့်မယ်ဆိုရင်လည်း ဗေဒင်ကိန်းခန်း မပါဘဲ ဘာကိုမှ မလုပ်ကြသလို ယုတ်စွအဆုံး နန်းတော် အပြင်ထွက် တာတောင် ဗေဒင်ပညာရှင် ပရောဟိတ်ရဲ့ အချိန်အခါ ရွေးချယ်ပေးတဲ့ နေ့နာရီမှာသာ ထွက်လေ့ရှိတာမို့ မင်းတို့ထွက်ရာ ရက်ရာဇာလို့ အဆိုရှိလာ ခဲ့ပြီး ဘုရင်တွေကို အပြင်မှာတွေ့ရင်ရက်ကောင်းရက်မြတ်ပဲလို့ အလိုလိုအသိအမှတ် ပြုလာခဲ့ကြပါတယ်။

ပြီးတော့ မြန်မာမင်းအတိုင်ပင်ခံ ဗေဒင်ပရောဟိတ်တွေဆိုတာကလည်း လည်ပင်း ဓားတင်ခံပြီး ဟောပြော ရတာမျိုးပါ။ မှားရင်အသတ်ခံရမှာပါ။ ဒါကြောင့်လည်း မြန်မာပညာရှင်တွေက ဒီပညာရပ်မှာ တဖက်ကမ်း ခတ်အောင် တော်တတ်ကြသလို မင်းတွေကလည်း ယုံကြည်အားကိုးနေကြဆဲပါ။

တခုရှိတာက မင်းတွေက ဒီပညာရပ်ကို အဓိက တိုင်းပြည် ကောင်းစားရေးအတွက် ဆိုတာထက် သူတို့ နန်းသက်ရှည်ရေး၊ ရာဇပုလ္လင်မြဲရေး အတွက်ကိုပဲ အဓိက အသုံးချနေကြပါတယ်။

မြန်မာမင်းတွေဟာ အတိတ်၊ တဘောင်၊ နိမိတ်တွေကိုလည်း ယုံကြည်လို့ တဘောင် နိမိတ် ရှိထားတာကို သိထားရင် အဲဒ်ီနိမိတ် တဘောင်ပျက်စီးအောင်၊ သူ့အတိုင်း ဖြစ်မလာရအောင် ရှောင်နိုင်ဖို့ တန်ပြန် ယတြာများနဲ့ အရှောင်အတိမ်းလုပ်ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီး ပျဉ်မနားကို ပြောင်းပြေးရတာကလည်း တဘောင်၊ အတိတ်၊ နမိတ်ကိုလွတ်အောင် ရှောင်ပြေး သွားခဲ့တာပါပဲ။
ရန်ကုန်မြို့ကို ဦးအောင်ဇေယျ တည်ခဲ့ပြီ့း ရန်ကုန်လို့ သမုတ်ခဲ့တာဖြစ်သလို မြို့တည်လို့ အပြီးမှာ ရန်ကုန်သက် နှစ်ပေါင်း ၂၀၀ ကျော်ရင် မင်းပျက်ကိန်းတွေ ကြုံရလိမ့်မယ်လို့ တဘောင်နိမိတ် တပြိုင်တည်း ပေါ်လာခဲ့ပါတယ်။ ဒီတော့ ရန်ကုန် မြို့ က ဦးအောင်ဇေယျ တည်ပြီးလို့  ၁၉၅၈ ခုနှစ်မှာ ရန်ကုန်မြို့ ဟာအနှစ် ၂၀၀ တင်းတင်းပြည့်ခဲ့ ပါတယ်။

ဒီတော့ နှစ် ၂၀၀ ကျော် လို့ ၃ နှစ် ၄နှစ် အတွင်းမှာပဲ ၁၉၉၂ မှာ လွတ်လပ်ရေးရပြီး ပထမဆုံးခေါင်းဆောင် ၀န်ကြီးချုပ်ဦးနုက ဗိုလ်ချုပ်နေ၀င်းရဲ့ အာဏာသိမ်းခြင်းကို ခံခဲ့ရပါတယ်။ တခါ အဲဒီနောက်ပိုင်းက စပြီး နိုင်ငံရေးမတည်ငြိမ်မှု၊ မငြိမ်းချမ်းမှုတွေကလည်း တပါတည်း ကပ်ပါလာခဲ့ရာက တရုတ် အရေးအခင်း၊ ဦးသန့်အရေးခင်း၊ အလုပ်သမားအရေးအခင်း စတာတွေ ဆင့်ကဲ ဖြစ်ပေါ်ခဲ့ပြီး နောက်ဆုံးပြည်လုံးကျွတ်ထကြွ ပုန်ကန်ခဲ့လို့  ဦးနေ၀င်း နန်းကျခဲ့ပြန်ပါတယ်။

တခါ ဗိုလ်ချုပ်စောမောင် တက်လာပြန်တော့လည်း ရူးသွပ်သွားတယ်ဆိုပြီး နန်းချခံလိုက်ရရုံတင်မက သေဆုံးသွားရပြန်ပါတယ်။ ၁၉၈၈ နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီးခင်ညွန့် ဦးစီးနေခဲ့ရာက ၀န်ကြီးချုပ်ရာထူးပေးလို့  အပြီး မကြာခင်မှာဘဲ အဖမ်းဆီးခံခဲ့ရ ပြန်ပါတယ်။

နောက်ဆုံးတော့ ဗိုလ်ချုပ်မှူးကြီး အလှည့်ဖြစ်လာပါတယ်။ သူ နန်းကျဖို့ ရှိနေလေတော့ ဒီတဘောင်၊ နိမိတ်တွေနဲ့ လွတ်အောင် မင်းပျက်ကိန်းတွေ ဆက်တိုက်ဖြစ်ခဲ့တဲ့ရန်ကုန်ကို နှုတ်ဆက်လမ်းခွဲ လိုက်ပြီး ပျဉ်းမနား ကြတ်ပြေးကုန်းမှာ နန်းမြို့တော်သစ် နေပြည်တော်ကိုတည်၊ နန်းသက်ရှည်ဖို့အတွက် ပြောင်းရွှေ့သွားရ တာပဲ ဖြစ်ပါတယ်။

ကြတ်ပြေးကို ရွေးချယ်ခဲ့တာကတော့ ကြတ်ပြေး = ကြေပျက် ဆိုတဲ့ နိမိတ်ကို ယူထားတာပါ။ အားလုံးကြေပျက်စေ ဆိုတဲ့ သဘောပါပဲ။

ရန်ကုန်မှာ မင်းနန်းကျ၊ ပျက်ရမှာကို ယတြာလုပ်ပြီး အလွတ် ပြောင်းပြေးလိုက်တော့ မင်းကိုမစားတော့ဘဲ ပြည်သူတွေကို ပေးစားလိုက်ရတဲ့ သဘောပါပဲ။ ဒါဟာ နာဂစ်မုန်တိုင်း ၀င်လာရခြင်းရဲ့ အဓိက အကြောင်း အရင်းခံ ပါပဲ။

ဘာနဲ့ တူသလဲ ဆိုတော့၊ ဒုတိယကမ္ဘာစစ်ကြီးမှာ အမေရိကန်က ဂျပန်ကို လက်နက်ချခိုင်းတာကို စစ်မင်းတွေက လက်နက်မချတော့ ဟီရိုရှီးမားနဲ့ နာဂါစကီကပြည်သူတွေကို စတေးပေးလိုက်ရသလိုပါပဲ။

တကယ်တော့ ဗိုလ်ချုပ်မှူးကြီးက ရန်ကုန်မှာသာ နန်းစိုက်နေခဲ့ရင် စက်တင်ဘာ သံဃာ့အရေးအခင်းမှာ ဧကံနန်းကျရမှာပါ။ ဒီလိုနန်းကျသွားခဲ့ရင် နာဂစ်မုန်တိုင်းလည်း ၀င်လာစရာ မရှိတော့ဘဲ လမ်းကြောင်းလွဲသွားရမှာပါ။

ဒါပေမယ့် မင်းက အလွတ်ရှောင်ထွက်သွားတော့ သူ ဆက်လက်နန်းဆက်ဖို့ သိန်းကျော် ပြည်သူတွေရဲ့ အသက်ကို စတေးလို့ သန်းချီနေတဲ့ ပြည်သူတွေရဲ့ စည်းစိမ်အိုးအိမ်တွေကို စတေးပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရတာပါပဲ။

စစ်အစိုးရရဲ့ ယတြာဆိုတာက အစားထိုးပေးဆပ် မှုတွေနဲ့ မိမိလိုတဲ့အချိန်တွေကို ပိုင်းခြားလို့  ပိုင်ပိုင်နိုင်နိုင် အသုံးချသွားတာ မျိုးတွေပါပဲ။

စစ်အစိုးရ ကြောက်တာ ဒေါ်စုကိုပါ။ ဒါကြောင့် ဒေါ်စု ကိုလွှတ်ဖို့ ဆိုရင်တော့ တကမ္ဘာလုံးကို ဆန့် ကျင်နေဖို့ ဘယ်တော့မှ ၀န်လေးမှာ မဟုတ်သလို၊ လွှတ်ပေးစရာလည်း မရှိပါဘူး။ တကယ်လို့ လွှတ်ပေးလိုက်ရင်လည်း သတ်ကွင်းထဲကို လွှတ်ပေးသလိုပဲ ဖြစ်နိုင်ပါတယ်။

ဒါကြောင့်ပြည်သူ သိန်းကျော်တို့ရဲ့ အသက်တွေကို စတေးလိုက်ရတာ၊ ပြည်သူသန်းနဲ့ချီပြီး အိုးမဲ့၊ အိမ်မဲ့ဖြစ်ကြရတာတွေဟာ သာမန်ကြည့်ရင်တော့ မုန်တိုင်းကြောင့်ပါ။ သို့ သော်၊ မုန် တိုင်း မြန်မာပြည်ကို ၀င်လာရတဲ့ အကြောင်းတရားကတော့ ဗိုလ်ချုပ်မှူးကြီးက သူ့ ရဲ့နန်းသက် တည်တန့်နေရေးအတွက် ရန်ကုန်ကို ပေးစားလိုက်ပြီးနေပြည်တော်မြို့သစ်ကို ထွက်ပြေး တိမ်းရှောင်သွားလို့ပဲ ဖြစ်တယ်ဆိုတာ ဗေဒင်ပညာ ရှုထောင့်ကနေ သုံးသပ်ပေးရခြင်းဖြစ်ပါတယ်။ သူသာ နန်းကျခဲ့ရင် မုန်တိုင်းလည်း ၀င်လာစရာမရှိပါဘူး။

မှတ်ချက်။ ။ Sidereal System Burmam Independent Chat showing Scorpio Ascendant ,Virgo Moon and Leo MC (midheaven) ကိုမှီငြမ်းရေးသားသည်။

Origin from Irrawaddy.Org

No comments:

Asia > South East Asia > Union of Myanmar United Nations ASEAN
Brunei Cambodia Indonesia Laos Malaysia
Myanmar Philippines Singapore Thailand Vietnam

NOAA Expect La Niña in Myanmar

.....အမေရိကန် အမျိုးသား သမုဒ္ဒရာ နှင့် လေထု စီမံရေးရာဌာန(NOAA) ၏ သုတေသနပြု စစ်တမ်းများအရ လာနီညာကြောင့် လာမည့် လများ၌ အရှေ့တောင်အာရှဒေသတွင် ပုံမှန်ထက် ပိုမိုအေးမြသည့် ရာသီဥတုနှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး မိုးများခြင်း၊ မြစ်ရေကြီးခြင်း၊ မြေပြိုခြင်းများ ကြုံတွေ့ရနိုင်သည်ဟု ဆိုသည်။

၂၀၁၀-၁၁ ခုနှစ်တွင် ဖြစ်ပေါ်မည့် လာနီညာရာသီဥတုကြောင့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ် စသောမြစ်များ စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ရေကြီးနိုင်ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ မန္တလေးတိုင်း (မိုးကုတ်မြို့နယ်)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် မြေပြိုမှုများကို သတိရှိရန် လိုအပ်ကြောင်း ဒေါက်တာထွန်းလွင်က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ မိုးလွန်ကာလ အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် မုန်တိုင်းအန္တရာယ်ကိုလည်း သတိပေး ပြောကြားသွားသည်။

Referred Article: ဧရာဝတီ၊ ဟိန်းဇော်
လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်

Main Cause of Supreme Heat on Myanmar

စစ်အစိုးရ လက်ထက်တွင် ၀ိသမ လောဘသားများသည် အာဏာပိုင်တို့နှင့် ပူးပေါင်းကာ သဘာဝရင်းမြစ် သစ်တောကြီးများကို ဖျက်ဆီးပြီး၊ နိုင်ငံခြား တိုင်းပြည်များသို့ မိမိတို့ ကိုယ်ကျိုး စီးပွားအတွက် တရားမ၀င် ရောင်းစားလျက် ရှိရာ ယခု အခါ ရခိုင်ရိုးမနှင့် ပဲခူးရိုးမတို့ မှာ သစ်ပင်များ ပြောင်သလင်းခါ နေရလေပြီ။...

...သစ်တော ပြုန်းတီးမှုကြောင့် အပူလွန်ကဲကာ မြေဆီ သြဇာ ဆုတ်ယုတ် ပျက်စီးပြီး စပါးအထွက်နှုန်း ကျဆင်းနေသလို ငရုတ်၊ ခရမ်း၊ ပဲ၊ ပြောင်း စသည့် ကောက်ပဲသီးနှံများလည်း ဖြစ်ထွန်းမှု မရှိတော့သဖြင့် ဒေသခံများ ဆင်းရဲ ကျပ်တည်းမှုနှင့် ရင်ဆိုင် နေကြရသည်။...

Referred Article: Arakan Review ၊ ခိုင်မင်းစံ (ဒွါရာဝတီ)
ရခိုင်ပြည်နယ်၏ သစ်မှောင်ခိုလုပ်ငန်း

Drought Affects Entire Myanmar

... အခြားသောနိုင်ငံများနှင့်ယှဉ်လျှင် မြန်မာနိုင်ငံတွင် စက်ရုံကြီးများ အနည်းငယ်သာရှိသော်လည်း နအဖကသစ်များကိုခုတ်၍ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချပြီး ကိုယ်ကျိုးစီးပွါးအတွက် သုံးစွဲလွန်း...

“သစ်တောတွေခုတ်တာ ၂-နှစ် ၃-နှစ် မကတော့ဘူး။ ဆယ်စုနှစ်လောက်ရှိပြီ။ နအဖက ဒီလိုသာဆက်ပြီး ခုတ်နေမည် ဆိုရင် မြန်မာတစ်နိုင်ငံလုံး သစ်တောတွေ ပြုန်းတီး ရာသီဥတုဖောက်ပြန်ပြီး မိုးခေါင်ရေရှားတဲ့ ပြဿနာပိုကြုံရဖွယ်ရှိတယ်”...

Referred Article: Burmese News International ၊ သျှမ်းသံတော်ဆင့်သတင်း
ရာသီဥတုဖောက်ပြန် အင်းလေးကန်ကြီးမကြုံစဖူး သိသိသာသာခန်းခြောက်

Unsafe New Buildings in Yangon

...ရန်ကုန်တွင် မကြာသေးမီ နှစ်များ အတွင်း ဆောက်လုပ် ခဲ့သည့် အထပ် မြင့်တိုက် အများအပြားသည် ငလျင် လှုပ်သည့်အခါ ပြိုကျနိုင်ဖွယ် ရှိကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနတွင် တာဝန် ထမ်းဆောင်ခဲ့သည့် အင်ဂျင်နီယာ တဦးက ပြောသည်။

“တိုက်ဆောက်ရင် အရည်အသွေး စစ်ဆေးတဲ့ အပိုင်းကို အစိုးရက ဖိဖိစီးစီး မလုပ်နိုင်ဘူး။ ကန်ထရိုက် တွေကလည်း အရည်အသွေးပိုင်း စစ်ဆေးတဲ့ စည်ပင် အရာရှိတွေကို လာဘ်ထိုးပြီး စိတ်ကြိုက် ကုန်ကျစရိတ် လျှော့ဆောက်တာ ဖြစ်တဲ့ အတွက် အရမ်းကို အန္တရာယ် ကြီးပါတယ်” ဟု သူက ရှင်းပြသည်။

အသုံးပြုသော ဘိလပ်မြေ၊ သံချောင်းများမှာ သတ်မှတ်ထားသည့် စံ၊ အရည်အသွေး မရှိသောကြောင့် အန္တရာယ်ကြီးသည့် အဆောက်အအုံများဖြစ်သည်ဟု ထိုအင်ဂျင်နီယာက ပြောသည်။

Referred Article: ဧရာဝတီ၊
ရန်ကုန်မြို့လယ်တွင် တိုက်ပြိုကျ၊ တဦး သေဆုံး

84 model & Below Cars To Expel soon From Yangon

ရန်ကုန်တွင် မောင်းနှင်နေသော ၁၉၈၄ မော်ဒယ်နှင့် ၎င်းအရင် ကားများကို ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှ စတင်၍ နယ်မြို့များတွင်သာ မောင်းနှင်ခွင့် ပြုတော့မည်ဟု ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ထိပ်တန်း အရာရှိကြီးတဦးက ပြောသည်။...

...''လူတွေ အထင်မှားနိုင်တာက မော်ဒယ်တွေ အနိမ့်ဆိုရင် နံပါတ်အနိမ့်တွေ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ တွေးမိပြီး မှားနိုင်တယ်။ ၁၉၈၄ မော်ဒယ် အောက်ကိုပဲ နယ်တွေအတွက် အသုံးပြုရမှာ'' ဟု (ကညန) အရာရှိကြီးက ဆိုသည်။

Referred Article: မဇ္ဈိမ၊ မင်းသက်
မော်ဒယ်နိမ့် ကားများ နယ်နှင်မည်

Suicides in Myanmar

...“စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲဆိုတာ လူတိုင်း ဘဝတသက်တာမှာ တခါလောက်တော့ ကြုံတယ်၊ ကိုယ့်ကိုယ်ကိုယ် မသိကြလို့သာ။ အဲဒီလို တသက်မှာ တခါလောက်ကြုံတတ်တဲ့ စိတ်ဓာတ် အပြောင်းအလဲကို မကျော်လွှားနိုင်ရင် ထွက်ပေါက် ရှာကြတာပေါ့။ စိတ်ဓာတ် မခိုင်မာတဲ့သူတွေ လုပ်လေ့ရှိကြတာပါ” ဟု ရန်ကုန်မှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ မျိုးအောင်က ရှင်းပြသည်။

ပဋိပက္ခကိုဖြစ်စေသောစိတ်၊ အပြောင်းအလဲ လက်မခံလိုသည့်စိတ်၊ ဖိအားပေးခံနေရသောစိတ်၊ လိုအင်ဆန္ဒ မပြည့်သောစိတ်နှင့် ငြီးငွေ့သော စိတ်တို့က သေကြောင်းကြံစည်ရန် တွန်းအားပေးသော အကြောင်းရင်းများ ဖြစ်ကြောင်း အဆိုပါ ဆရာဝန်က ပြောသည်။...

...“စိတ်ဖိစီးမှုဆိုတာ လူတိုင်းမှာ ရှိတယ်။ ကိုယ့်အသက်ကို ရန်ရှာတဲ့ အခြေအနေမျိုးအထိ စိတ်ဖိစီးမှုမဖြစ်အောင် သတိထားပြီး နေထိုင်ရတယ်။ နောက်တခုက ဖြစ်လာပြီဆိုရင်လည်း အကောင်းဆုံးဖြစ်အောင် ဖြေရှင်းပြီး စိတ်သက်သာမှု ရအောင် ဖန်တီး နေရမယ်။ တရားထိုင်တာ၊ လေ့ကျင့်ခန်း လုပ်တာတွေကတော့ အကောင်းဆုံးပဲ။ ပတ်ဝန်းကျင်မှာလည်း စိတ်ကျတဲ့ သူတွေကို တွေ့ရင်၊ မိသားစုဝင်တွေကို ဆရာဝန်နဲ့ တွေ့ဖို့အတွက် အကြံပေးသင့်တယ်” ဟု ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနမှ ပါမောက္ခ တဦးက ပြောဆိုသည်။...

Referred Article: ဧရာဝတီ၊ ကြည်ဝေ
ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သူ များပြားလာ

Myanmar Election 2010

...မြန်မာပြည်မှာ တိုက်လေယာဉ်က ပြည်သူပြည်သားတွေထက် အရေးကြီးနေပုံရတယ်။ မြန်မာပြည်မှာလည်း ပီရူးနိုင်ငံမှာ ကြုံခဲ့သလို အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ဝေဒနာနဲ့ တိုင်းသူပြည်သားတွေ ရင်ဆိုင်နေရတာက ဆယ်စုနှစ်တခု မကတော့။...

...နောက်တချက်ကလည်း လတ်တလော အဖြစ်အပျက်ကို ပြန်ကြည့်ရင် ၂ဝဝ၈ ခုနှစ်အတွင်း နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူတသိန်းလေးသောင်းနီးပါး သေဆုံးခဲ့ပြီး ရှိသမျှ၊ ပိုင်ဆိုင်သမျှ ပစ္စည်းတွေ ဆုံရှုံးခဲ့ရတဲ့ လယ်သမားတွေ မြစ်ဝကျွန်းပေါ်မှာ သန်းနဲ့ချီပြီး ရှိနေတာပါ။ သူတို့အတွက် စစ်အစိုးရက လောက်လောက်လားလား ကူညီခဲ့ပါသလား။...

...ပြိုင်ကားမောင်းနေရအောင် မြန်မာပြည်ရဲ့ ဓနက အဲသလောက် ပိုလျှံနေလို့လားလို့ မေးစရာ ဖြစ်လာပါတယ်။ ဂေါက်သီးကွင်းသစ်တွေ ဖွင့်လှစ်ပြီး ဂေါက်သီးရိုက်နေတာကိုပဲ လွန်လှပါပြီ။...

...ငွေ အကုန်တကာ့ အကုန်ဆုံး ကိစ္စကြီး ပြန်ကြည့်မယ်ဆိုရင် နေပြည်တော်သစ်ကြီး တည်ဆောက်ခဲ့တာနဲ့ ကာကွယ်ရေးအတွက် မြေအောက်လှိုဏ်ခေါင်းတွေ တူးဖော်ဆောက်လုပ်နေတာတွေ ဖြစ်ပါတယ်။ မြန်မာပြည်သားတွေအတွက် မြို့တော် နောက်ထပ်အသစ်တခု မလိုပါ။ အမှောင်ထဲမှာ ဆင်းနေစရာ မလိုတဲ့အတွက် လှိုဏ်ခေါင်းတွေ၊ ဥမင်တွေလည်း မလိုပါ။ နိုင်ငံသားတွေအတွက် အလွန်လိုအပ်နေတာကတော့ ကျန်းမာရေး၊ ပညာရေးနဲ့ လယ်ယာစိုက်ပျိုးရေးတွေအတွက် အကူအညီတွေပဲ ဖြစ်ပါတယ်။ အဲဒီကဏ္ဍတွေအတွက် ငွေကို မသုံးဘဲ တလွဲတွင် ဆံပင်ကောင်း နေကြတယ်။...

...ရောဂါအထဆုံး ကိစ္စကတော့ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေးပါ။ မြန်မာပြည်မှာ နျူကလီးယား စွမ်းအင်သုံးဖို့ အရေးတကြီး လိုနေသလားလို့ စောကြောစရာ ရှိလာတယ်။...စွမ်းအင်အတွက် မြန်မာပြည်သားတွေ ပူစရာ မလိုပါ။ ဒါပေမဲ့ ကိုယ့်တိုင်းပြည်ကနေ သဘာဝအရင်းအမြစ်ကို နိုင်ငံသားတွေ သုံးစွဲခွင့် မရတာကတော့ အတော် ရင်နာစရာ ကောင်းပါတယ်။...

...နျူကလီးယားရောဂါ အရူးထတာကြောင့် စစ်ဗိုလ်အများအပြားကို ရုရှားဆီ ပညာသင်လွှတ်တယ်။ ငွေအမြောက်အမြား သုံးစွဲရတယ်။...တချိန်ထဲမှာပဲ ပြည်သူတွေကတော့ ပါးစပ်ဟောင်းလောင်းနဲ့ ငတ်နေရပါတယ်။...

...ကလေးငယ်အများစု ပါဝင်တဲ့ အငတ်ဘေးနဲ့ သေဆုံးခဲ့သူ မြောက်ကိုရီးယား နိုင်ငံသားတွေ သန်းနဲ့ချီပြီး ရှိခဲ့တာကို ကျနော်တို့ မမေ့သင့်။ ရိုးရိုးနဲ့ လွယ်လွယ်ပြောရရင် အနုမြူထိပ်ဖူးတပ် ဒုံးကျည်ဟာ ကိုက်စားလို့ မရပါ။ အနုမြူထိပ်ဖူးတပ် ဒုံးကျည် အလုံးတထောင် ပိုင်ပြီး တိုင်းသူပြည်သားတွေက ငတ်နေတယ်၊ မွဲနေတယ်၊ ပညာမတတ်၊ နိုင်ငံတကာအလယ်မှာလည်း မဝင်ဆန့်လို့ ဆိုပါရင်...

...နိဂုံးချုပ်ရရင် ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ ကျင်းပဖြစ်လို့ အစိုးရသစ်၊ ပါလီမန်သစ်တွေ ရှိလာတဲ့တိုင် အခွင့်အရေး မှန်သမျှကို စစ်တပ်နဲ့ သူတို့နောက်မြီးဆွဲတွေက ဖားလာလည်း သိမ်း၊ ငါးလာလည်း သိမ်း၊ အကုန်လုံး သူတို့ အိတ်ထဲ ထည့်နေသရွေ့ တိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မှာ မဟုတ်...

Referred Article: မဇ္ဈိမ၊ ဇော်မင်း
နှစ်ခါသုံးခါ အလိမ်ခံရမှတော့ ကိုယ့်အပြစ်ပေါ့

Unhealthy Cooking Oil in Myanmar

...ကျန်းမာရေးဝန်ကြီးဌာနမှ စားသုံးရန်မသင့်ဟုဆိုကာ ပိတ်ပင်ထားသည့် စားဆီ (၄) မျိုးအနက် ကျောက်ပုစွန်တကောင်တံဆိပ် စားဆီများကို မြန်မာကုန်သည်များက နေ့စဉ်တန်ချိန် ထောင်ချီ၍ မဲဆောက်မြဝတီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောမှတဆင့် တရားမဝင် ပြန်လည်တင်သွင်း...

...ထိုင်း ဆီတင်ပို့သည့် လုပ်ငန်းခွင်မှ မြန်မာအလုပ်သမားတဦးက “ဆီကတော့ အရင်ရော၊ အခုရော ပို့တာကတော့ ဒီဆီပါပဲ။ မြန်မာဘက်က ကုန်သည်တွေရဲ့ လိုအပ်ချက်အရ ဆီပုံးမှာ တံဆိပ်တွေအမျိုးမျိုး ပြောင်းတပ်ပေးရတာတွေတော့ ရှိတယ်”...

...ပိတ်ပင်ထားသည့်ဆီများကို စားသုံးမိပါက အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်း၊ ကင်ဆာရောဂါဖြစ်စေခြင်းနှင့် မျိုးရိုးဗီဇ ထိခိုက်စေခြင်းတို့ကို ဖြစ်ပေါ်စေသည်ဟု မြန်မာကျန်းမာရေးဝန်ကြီးဌာနက ရေးသားဖော်ပြထား...

Referred Article: ခေတ်ပြိုင် ဂျာနယ်၊ ရဲရင့်
'ပိတ်ပင်ထားသည့် စားသုံးဆီများ မြန်မာပြည်တွင်း ပြန်လည်တင်သွင်း'

Nowadays Myanmar with Fortune Teller

...“အနိမ့်ဆုံးအဆင့်ကနေ အမြင့်ဆုံးအဆင့်အထိက ဗေဒင်၊ ယတြာနဲ့သွားနေကြတာပဲ။ တိုင်းပြည်အုပ်ချုပ်တာတောင် လောကီပညာနဲ့ အုပ်ချုပ်နေတာကိုး”ဟု စာရေးဆရာက ဆို...

...ယင်းကဲ့သို့ ဗေဒင်၊ ယတြာယုံကြည်ကြသည်ဆိုရာတွင် လူတို့၏ ကံ၊ ဉာဏ်၊ ဝီရိယတွင် ဉာဏ်နှင့် ဝီရိယ ဘက်က ပိတ် နေသောကြောင့် ကံကိုပဲအားကိုလာကာ အဆိုပါ ဗေဒင်၊ ယတြာများကို ယုံကြည်လာကြခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံ ရောက် ဦးပဉ္ဇင်းတပါးက မိန့်ဆိုသည်။

“ဉာဏ်နဲ့ကြိုးစားမယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းကြိုးစားခွင့်မရှိဘူး၊ ဝီရိယနဲ့ကြိုးစားမယ်ဆိုရင်လည်း ချမ်းသာခွင့် မရှိတော့ လူရဲ့ပွင့်နေတဲ့ ကံတခုကိုပဲ အားကိုတဲ့အခါမှာ ဗေဒင်ဆရာတွေက ပြောတဲ့အတိုင်းပဲ ထီပေါက်နိုးနိုး၊ ဟိုက ဒီက ရနိုးနိုးနဲ့ ဖြစ်နေကြတာပါ”ဟု ယင်း ဦးဉ္ဇင်းက မိန့်သည်။

အကယ်၍ ဉာဏ်နှင့် ၀ီရိယပွင့်ပြီး ကိုယ့်အားကိုယ်ကိုး၍ အလုပ်လုပ်တိုင်းအဆင်ပြေနေမည်ဆိုလျှင် ဗေဒင် တွက်ချိန် ရမည် မဟုတ်ကြောင်း၊ အဓိကမှာ အလုပ်အကိုင် ခက်ခဲသည့်ပြဿနာကြောင့်ဖြစ်သည်ဟု အဆိုပါ ဦးပဉ္ဇင်းက သုံးသပ်...

Referred Article: ဧရာဝတီ၊ သဲသဲ
'ဗေဒင် ယတြာ အားကိုးမှု ပိုတိုးလာနေ'

FDA Announced 7 brands of consumable cooking oil

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စားသုံးရန်မသင့်ဟု ကြေညာထားသည့် နယ်စပ်သွင်းစားဆီ (၇) မျိုးကို မြန်မာနိုင်ငံဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) မှ စားသုံးရန်သင့်လျော်ကြောင်း အဖြေပေးလိုက်.....

(အက်ဖ်ဒီအေ) က ဇူလိုင် (၂၅) တွင် ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ တင်သွင်းသည့် စားဆီ (၄) မျိုးကို စားသုံးရန်မသင့်ကြောင်း.....

အဆိုပါ (၄) မျိုးမှာ (၁၈) လီတာဝင် အဝါရောင်ပလတ်စတစ်ပုံးများဖြင့် ထည့်ထားသည့် ကျောက်ပုဇွန်နှစ်ကောင် (Star Oil ကြယ်နီပုံ)၊ ကျောက်ပုဇွန်တစ်ကောင် အမှတ်တံဆိပ်၊ ရေနဂါး (Twin Sea Horse အမှတ်တံဆိပ်) နှင့် ငါးကြော်အမှတ်တံဆိပ် (Pamola Brand) တို့ ဖြစ်.....

ကြေညာဖမ်းဆီးခဲ့သည့် စားဆီ (၁၁) မျိုးမှာ အဆိုပါ ဆီ (၄) မျိုးအပြင် ထိုင်းနိုင်ငံသွင်း ပုဇွန်တစ်ကောင်၊ ပုဇွန်နှစ်ကောင်၊ တံငါတံဆိပ်၊ SAKURA ၊ Golding Oil ၊ ကဏန်းတံဆိပ်၊ ကြယ်စိမ်းတံဆိပ်တို့ဖြစ်...

Referred Article: ခေတ်ပြိုင်၊ NEJ
'စည်ပင်ပိတ်ထားသည့် နယ်စပ်သွင်းစားဆီ (၇) မျိုး စားသုံးရန်သင့်ကြောင်း အက်ဖ်ဒီအေကြေညာ'

Myanmar 500 Kyats Counterfeit Banknotes

ဗဟိုဘဏ်၏ ညွှန်ကြားချက်ပါစာအရ ၅၀၀ တန်ငွေစက္ကူအတုသည်

(၁) ဖယောင်းစက္ကူကဲ့သို့ သိသာစွာ ပြောင်ချောနေခြင်း

(၂) လုံခြုံရေးကြိုး လုံးဝမပါရှိခြင်း

(
၃) ငွေစက္ကူ၏ မျက်နှာတဖက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်စာသား ပါရှိသည့် အပေါ်ဖက် ထိပ်ပိုင်းအရောင်ပေါ်လွင်မှုတွင် ခရမ်းရောင်မှာ အနီရောင်ဖက် သမ်းသည့်အရောင် ပေါ်လွင်မှုရှိခြင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် စာသား၏ အောက်ဖက်အရောင် ပေါ်လွင်မှု၌ အနီရောင်ဖက် ပိုမိုပေါ်လွင်ခြင်း

(၄) ငွေစက္ကူနံပါတ်ရိုက်နှိပ်မှု၌ နံပါတ်စာလုံးများမှာ အနည်းငယ် "ပွိုင့်" သေးငယ်ခြင်း၊ အနီရောင် တောက်ပမှု နည်းခြင်း

(၅) ငွေစက္ကူ၏ ရှေ့နောက် မျက်နှာပြင် နှစ်ဖက်စလုံးကို ခြုံငုံ၍ ကြည့်ပါက ငွေစက္ကူစာရွက် အရောင်အသွေးမှာ အ၀ါရောင်သမ်းနေခြင်း

(၆) ငွေစက္ကူအပေါ်၌ မည်သည့်ဖောင်းကြွမှ မပါရှိခြင်း

(၇) ငွေစက္ကူမျက်နှာစာ ယာဘက်ရှိ ခြင်္သေ့ဦးခေါင်းရေ စာအောက်၌ ဖော်ပြထားသော (၅၀၀) တန်စာလုံး၏ (သုံည) စာလုံးများမှာ အနည်းငယ် သေးငယ်ခြင်း

(၈) နံပါတ်တူ ဘလောက်ပုံနှိပ် ထုတ်လုပ်ထားခြင်း...

Referred Article: မဇ္ဈိမ၊
၅၀၀ တန် ငွေစက္ကူ အတုများနှင့် ပတ်သက်၍ ဗဟိုဘဏ် ညွှန်ကြား